Latest News

Dropdown Menu

Wednesday, February 19, 2014

မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ၌ ကျပ် (၇၉.၂)သိန်းခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိ

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲမှာ ယနေ့ ဖေဖော်ဝါရီလ(၁၉)ရက် မွန်းတည့် (၁၂)နာရီအချိန်က မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ (၁၀၅)မိုင် လှုပ်ရှားအဖွဲ့ နှင့် မြို့ပေါ်လှုပ်ရှားအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တန်ဖိုးငွေ ကျပ်(၇၉.၂)သိန်းခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြား (၃၉၆၀)ပြားကို တရားခံနှစ်ဦး နှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

{ စိတ်ကြွဆေးပြား သယ်ဆောင်လာပုံကို ပြသစဉ် }

ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ပန်ဆိုင်း - မုံးကိုး သွားလမ်း ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲအ၀င်မှာ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေကြစဉ်  ကောင်းကွေ့ရွာဘက်မှ ပန်ဆိုင်းဘက်သို့ လီဆောင်းxxx(ကျား) မောင်းနှင်ပြီး ဟော်လောက်xx(မ) စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေး ရှာဖွေရာ ဟော်လောက်xxx(မ) ၀တ်ဆင်ထားသည့် အသားရောင် ဘော်လီအင်္ကျီအတွင်း သိုဝှက်သယ်ဆောင်လာသည့် မှိုင်းကိုင်စက္ကူဖြင့် ထုပ်လျှက် အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်အတွင်းမှ Wy စာတမ်းပါသည့် ပန်းရောင်စိတ်ကြွဆေးပြား (၁)ထုပ်လျှင် (၁၉၈)ပြားစီပါသည့် (၁၀)ထုပ်စီး(၂)စီး စုစုပေါင်း ဆေးပြား အထုပ်(၂၀)ရှိရာ စုစုပေါင်း ဆေးပြားအရေအတွက် (၃၉၆၀)ပြားကို ရှာဖွေတွေ့ရှိရပြီး အဆိုပါ ဆေးပြားများ၏ ကာလတန်ဖိုးငွေမှာ ကျပ်ငွေ(၇၉.၂)သိန်းခန့် ရှိကြောင်း သိရသည်။


ဆက်လက်၍ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲရဲစခန်းမှ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ အဆိုပါ နှစ်ဦးအား မယ(ပ)၃/၂၀၁၄၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »