Latest News

Dropdown Menu

Friday, February 21, 2014

လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေး စခန်း၌ မူးယစ်ဆေးဝါးဖြစ်သည့် အိုက်စ်များ ဖမ်းဆီးရရှိ

တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင်  ဖေဖော်ဝါရီလ(၂၁)ရက် ညနေ(၅း၄၅)နာရီအချိန်က မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကျပ်ငွေ(၁၁)သိန်းခန့်တန်ဖိုးရှိသော မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် Ice (၄၈)ဂရမ်ကို တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ယာဉ်သွား ယာဉ်လာများအား ရပ်တန့် ရှာဖွေ စစ်ဆေးမှုများပြုလုပ်နေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ဆက်လက်ရှာဖွေစစ်ဆေးရာ ကားပေါ်တွင် လိုက်ပါလာသူ အသက် (၂၆)နှစ်အရွယ်ရှိ ခရီးသည် အိုက်ပက်xxx ၀တ်ဆင်ထားသည့် အတွင်းခံဘောင်းဘီအတွင်းမှ ပလပ်စတစ်အိတ်ဖြင့် ထည့်လျှက် မက်အက်ဖီးတမင်း(Ice) အဖြူရောင် ပုံဆောင်ခဲ အလေးချိန် (၁)ထုပ်လျှင် (၈)ဂရမ်စီပါသည့် (၆)ထုပ် ကိုရှာဖွေတွေ့ရှိရာ အဆိုပါ မူးယစ်ဆေးများ၏ ကာလတန်ဖိုးငွေမှာ ကျပ်(၁၁)သိန်းခန့် ရှိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ သက် (၂၆)နှစ်အရွယ်ရှိ အိုက်ပက်xxxအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၃၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »