Writen by
Tachileik News Agency
9:48 PM
-
0
Comments
စိတ်က ဒွန်တွဲလို့နေသည်။
{ နှစ်တစ်ရာအိမ်ကြီး }
စာရေးသူတို့ သွားရောက်နေသည့် ခရီးကတော့ ရှမ်းဘာသာဖြင့် လွိုင်မွေဟုထင်ရှားသည့် နှင်းတောင်မြို့လေးဆီသို့ဖြစ်သည်။ လွိုင်မွေ တောင်စခန်းမြို့လေးသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၏ မြို့တော်ကျိုင်းတုံနှင့် မိုင် ၂၀အကွာတွင် တည်ရှိနေပြီး ထင်ရှားလှပသည့် တောင်စခန်းမြို့လေးဖြစ်သည်။ပင်လယ်ရေမျက်နှာပြင်အထက် ၅၅၄၂ပေတွင်တည်ရှိကာ မြို့တည်သက်တမ်းအားဖြင့် နှစ်ရာပြည့်ပွဲတော်ကို ဆင်နွှဲနိုင်ခဲ့သည့် သက်တမ်းရင့်မြို့လေးဟုလည်း သတ်မှတ်နိုင်ပါမည်။
{ ချယ်ရီပင်တန်း }
လွိုင်မွေမြို့လေးအား ကိုလိုနီခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ယနေ့ထက်တိုင် ကိုလိုနီခေတ်လက်ရာ အုတ်တိုက်နီနီလေးများဖြင့် သာယာလှပသော တောင်စခန်းမြို့လေးအဖြစ် ကမ္ဘာလှည့်ခရီးသည်များ အထူးနှစ်ခြိုက်စွာ လာရောက်လေ့လာ လည်ပတ်ကြသည့် ဥရောပဆန်သော မြို့လေးလည်းဖြစ်ပေသည်။ ထင်းရှူး ၊ ယူကလစ် ၊ ချယ်ရီ ၊ မက်မန်း ၊ ပင်စိမ်း ၊ သစ်တော် ၊ မက်မွန်ပင်များဖြင့် ၀န်းရံထားပြီး တိမ်ပြာပြာတို့ထိစပ်နေသော လွိုင်မွေမြို့လေး၏ အထူးတင်ရှားသော သင်္ကေတကား နှစ်တစ်ရာအိမ်ကြီးဟု လူသိများသည့် ကိုလိုနီခေတ် လက်ရာအဆောက်အအုံကြီးဖြစ်လေသည်။ ရှေးယခင်က အင်္ဂလိပ်အရေးပိုင်မင်း နေထိုင်ခဲ့သည့် အိမ်ဟု ဒေသခံများကပြောကြားသည့် ယင်း
နှစ်တစ်ရာအိမ်ကြီးမှာ ၁၉၁၈ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးထိုးထားသည့် မော်ကွန်းစာအရသိရှိရပေသည်။
{ မက်မွန်ပင်နှင့်မက်မွန်သီးကင်းလေးများ }
{ ပင်စိမ်းပင် }
ဆတ်သော လေလေးကို သင်းပျံ့သော ထင်းရှူးနံ့ ၊ ယူကလစ်နံ့တို့နှင့်အတူ ရှူရှိုက်လိုက်ရသည်မို့ လန်းဆန်းတက်ကြွသွားစေမှုကလည်း ထူးခြားသော ဆွဲဆောင်မှုတစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း နှစ်စဉ်နှစ်တိုင်း ဥရောပသား ကမ္ဘာလှည့်ခရီးသည်များ လာရောက် လည်ပတ်လေ့လာကြခြင်းဖြစ်ပေမည်။
{ လွိုင်မွေဒေသထွက် နှစ်ချို့ဝိုင် }
{ ချယ်ရီပန်း }
ဆောင်းပါးရှင်။ ။မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~







Social Buttons