Latest News

Dropdown Menu

Sunday, February 23, 2014

တာချီလိတ်၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် သွန်းလုပ်၍ ရာသက်ပန် ထားရှိနိုင်ရန် ပထမအကြိမ် ဆွေးနွေး

   တာချီလိတ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း
အဝေးအား ဖေဖေါ်ဝါရီလ (၂၃)ရက်၊ နေ့လည် (၁)နာရီအချိန်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ
ဦးအောင်မျိုးဝင်း+ဒေါ်စိုးဥမ္မာတို့၏ နေအိမ်တွင်ကျင်းပရာ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ
ဝင်များနှင့် စိတ်ပါဝင်စားသူများတက်ရောက်ကြပါသည်။


    အစည်းအဝေးတွင် ရှေးဦးစွာ ကော်မတီအတွင်းရေးမှူး ဦးအောင်ဖြိုးရှိန်မှ ဖေဖေါ်ဝါရီလ (၁၈)ရက်
နေ့တွင် ကျင်းပခဲ့သော ပဏာမအစည်းအဝေးမှတ်တမ်းနှင့် ကော်မတီဖွဲ့စည်းပုံအား ရှင်းလင်းပြောကြားကာ ကော်မတီ နာယက ဦးမြင့်ဦးမှ အမှာစကားပြောကြားပါသည်။ ယင်းနောက် နာယက ဦးတင်နွယ် ၊ ဥက္ကဋ္ဌ ဦးတင့်ဆွေ နှင့် ကော်မတီဝင်များ ၊ တက်ရောက်လာကြသူများမှ ၀ိုင်းဝန်းဆွေးနွေးအကြံပြုကြကာ
(၁) ဗိုလ်ချုပ်ကြေးရုပ်ပုံစံအား အွန်လိုင်းမှတဆင့် အများပြည်သူသို့ချပြကာ ဆန္ဒတောင်းခံအတည်ပြုရေး
(၂) အပတ်စဉ်စနေနေ့တိုင်း ရှမ်းရိုးမကွင်းတွင် အများပြည်သူ ထည့်ဝင်လှူဒါန်းနိုင်ရေးအတွက် အလှူခံ
ဌာနဖွင့်လှစ်ရေး
(၃) ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ကော်မတီများမှတဆင့် ကြေးရုပ်တည်ဆောက်ခွင့်နှင့် မြေနေရာ
တောင်းခံရေး
(၄) ဗိုလ်ချုပ်ကြေးရုပ်အား မြန်မာမှုပညာရှင် တမ္မ၀တီ ဦးဝင်းမောင်ထံ လုပ်ငန်းအပ်နှံရေး
(၅) ဗိုလ်ချုပ်ကြေးရုပ် အရွယ်အစားအား ဘုရင့်နောင်မင်းတရားကြီးရုပ်ထုထက် အတန်ငယ်သေးငယ်
သောအရွယ်အစားဖြင့် သွန်းလုပ်ရေးတို့အား ဆွေးနွေးဆုံးဖြတ်ကြပါသည်။


     ထို့နောက် ဘဏ္ဍာရေးမှူး ဒေါ်စိုးဥမ္မာမှ အစည်းအဝေးဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြု
ကာ နာယက ဦးမြင့်ဦး ၊ ဥက္ကဋ္ဌ ဦးတင့်ဆွေ ၊ တွဲဖက်အတွင်းရေးမှူး ဦးစည်သူမောင် ၊ကော်မတီဝင်
ဦးမောင်လှ နှင့် အခြားအလှူရှင်များက ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးအတွက် ငွေကျပ် သိန်းတစ်ရာ
ကျော်အား စုပေါင်းထည့်ဝင်လှူဒါန်းကြပြီး အစည်းအဝေးတက်ရောက်သူများအားလုံးမှ ဘုရင့်နောင်
မင်းတရားကြီးရုပ်တုသို့သွားရောက်ကာ အရွယ်အစားအားတိုင်းတာကြရာ ဘုရင့်နောင် မင်းတရားကြီး
၏ရုပ်တုမှာ ၁၃ ပေကျော်ကျော်ရှိသည့်အတွက် ဗိုလ်ချုပ်ကြေးရုပ်အား ၁၂ပေ အမြင့်အရွယ် သွန်းလောင်းရန် အများသဘောတူ ဆုံးဖြတ်ကြပါသည်။


ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများအား ဗယ်လင်တိုင်းကဖေးမိသားစုမှ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံဒါနပြုကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ ။        ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »