Latest News

Dropdown Menu

Tuesday, February 25, 2014

တာချီလိတ်၌ ဖုန်းကဒ်များကို ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် မဲနှိုက်ရောင်းချမည်ဖြစ်ရာ လျှောက်ထားကြသူများမှ လာရောက်၍ မဲနှိုက်နိုင်


နိုင်ငံတော်မှ ပြည်နယ်နှင့်တိုင်းဒေသကြီး(၁၈)ခုကို တန်ဖိုးနည်း (၁၅၀၀)ကျပ်တန် ဖုန်းကဒ်များဖြစ်သည့် CDMA (၂၅၀၀၀၀)ကဒ်၊ GSM (၅၀၀၀၀)ကဒ် နှင့် WCDMA ( ၅၀၀၀၀ )ကဒ် စုစုပေါင်း ဖုန်းကဒ်ပေါင်း (၃၅၀၀၀၀)ကဒ်အား ဖေဖော်ဝါရီလအတွက် ချထားပေးလာသည်ဖြစ်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အတွက် GSM နှင့် WCDMA အပါအ၀င် ဖုန်းကဒ် (၅၀၀၀) ချလာရာမှ တာချီလိတ်အတွက် GSM ဖုန်းကဒ် (၁၀၀၀) သတ်မှတ်၍ ချပေးလာကြောင်း သိရသည်။

ထိုသို့ ချပေးလာသော GSM ဖုန်းကဒ် (၁၀၀၀)ကို တာချီလိတ်မြို့မှ ဖုန်းကဒ်လျှောက်ထားသူများအား ဖုန်းကဒ်မဲနှိုက်ပေးမှုကို ဖေဖော်ဝါရီလ (၂၇)ရက် နေ့လည် (၁၂)နာရီအချိန်မှာ တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ပေါက်မဲများကို နှိုက်ပေးမည်ဖြစ်ရာ ဖုန်းကဒ်လျှောက်ထားကြသူများ အနေဖြင့် အဆိုပါနေ့တွင် လာရောက်၍ မဲနှိုက်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

ပေါက်မဲများကို နှိုက်ပြီးသွားပါက ပေါက်မဲနံပါတ်များကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အပြင် သက်ဆိုင်ရာရပ်ကွက်ရုံးများနှင့် တာချီလိတ်အွန်လိုင်းတွင်လည်း ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
NEXT »