Latest News

Dropdown Menu

Tuesday, February 25, 2014

တာချီလိတ်ရှိ အမျိုးသမီးရေးရာအဖွဲ့မှ မရှိနွမ်းပါးသည့် ကလေးသူငယ် ၂၀ ဦးအား စုပေါင်း ရှင်ပြုပေးမည်ဖြစ်ရာ မည်သူမဆို စာရင်းပေးသွင်းနိုင်

တာချီလိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ နှင့် ခရိုင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
တို့မှ  ကြီးမှူး၍ နှစ်စဉ်ကျင်းပလေ့ရှိသည့် တာချီလိတ်မြို့နယ် အတွင်း ရပ်ကွက်များမှ အမှန်တကယ် ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ်များအား စုပေါင်း၍ ရှင်ပြု လှူဒါန်းပေးမှုကို ၂၀၁၄ခုနှစ် မတ်လ(၂)ရက်နေ့ နှင့် (၃)ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ ရှင်ပြုအလှူတွင် ကလေးသူငယ် (၂၀)ဦး သတ်မှတ်ထားပြီး တာချီလိတ်မြို့ ပုန်ထွန်းရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတွင် ရှင်ပြုလှူဒါန်းပေးမည်ဖြစ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် အတွင်းရှိ ကိုရင်ဝတ်လိုသူ ကလေးများ၏ စာရင်းကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ဧပြီလ(၂၇)ရက်နေ့ ညနေ (၅)နာရီအချိန်ထိ လာရောက်၍ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့တွင် အဆိုပါအဖွဲ့မှ နှစ်စဉ်နှစ်တိုင်း စုပေါင်းရှင်ပြုပေးလာခဲ့သည်မှာ ယခုအကြိမ်ဆိုလျှင် တတိယအကြိမ်မြောက်ဖြစ်ပြီး ရှင်လောင်းလှည့်မည့် ရက်အား ၂၀၁၄ခုနှစ် မတ်လ (၂)ရက်နေ့ သတ်မှတ်ထားပြီး အလှူကြီးနေ့ကို မတ်လ(၃)ရက်နေ့ သတ်မှတ်ထားကြောင်းနှင့် ယခုအကြိမ်အား ယခင်နှစ်ထက် စည်ကားသိုက်မြိုက်စွာဖြင့် ရှင်လောင်းလှည့်လည်မှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »