Writen by
Tachileik News Agency
11:18 PM
-
0
Comments
၅.၅.၂၀၁၂ ကဆုန်လပြည့်နေ့ စနေ့နေ့ နံနက်(၇)နာရီမှစ၍ တတိယအကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲ အခမ်းအနားတွင် ပရိတ်ရွတ်ခြင်း၊ သဲပုံစေတီအား မီးပူဇော်ခြင်း နှင့် ရွှေတိဂုံ(တာချီလိတ်)ရင်ပြင်ရှိ ရွှေညောင်ပင်ကြီးအား ညောင်ရေသွန်းလောင်းခြင်းကို ကျင်းပခဲ့ကြပါသည်။ ထိုအခမ်းအနားတွင် တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၊ မဟာမြတ်မုနိဆရာတော်ဘုရားကြီး၊ အောင်မင်္ဂလာပရဟိတတောရကျောင်းဆရာတော်၊ ငွေတောင်ဦးကမ္မဋ္ဌာန်ကျောင်းမှ နယက ဆရာတော်နှင့် ၀မ်ကောင်းဘုန်းကြီးကျောင်းမှ ဆရာတော်တို့ ကြွရောက်၍ ပရိတ်တရားရွတ်ခြင်း ညောင်ရေသွန်းလောင်းခြင်းများကို ပြုခဲ့ကြသည့်အပြင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့ အပြင် ဌာနဆိုင်ရာများမှာ လူကြီးမင်းများ လာရောက်၍ ညောင်ရေသွန်းလောင်းခြင်းကို ပြုလုပ်ခဲ့ကြပါသည်။
ထိုအခမ်းအနားအား ဦးတင်လှိုင်(အဆွေတော်)မှ ကြီးမှူးကျင်းပပြီး ကြွရောက်လာသော ဆရာတော်များနှင့် ဧည့်သည်တော်များအား ကြက်ဆီထမင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။ ထိုအခမ်းအနားတွင်လည်း အလင်းရောင်ပရဟိတအဖွဲ့မှာလည်း သွားရောက်၍ ဝေယျာဝစ္စအဖြင့် လုပ်ဆောင်ခဲ့ကြသည်။
တတိယအကြိမ်မြောက် ရွှေတိဂုံရင်ပြင်ရှိ ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားမှာ နံနက် ၉နာရီခန့်မြောက်ခဲ့ပါသည်။
ပုံများကို ပြည့်စုံစွာ ကြည့်လိုလျှင်
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net
Tachileik
www.tachileik.net
Social Buttons