Writen by
Tachileik News Agency
12:09 AM
-
0
Comments
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ကျေးရွာအခြေပြုဘေးအန္တရာယ် လျော့ပါးရေး သင်တန်း၌ သင်ကြားခဲ့ရသော ကျေးရွာအခြေပြုဘေးအန္တရာယ် လျော့ပါးရေးနှင့်ပတ်သက်သည့် လက်တွေ့အသုံးချနည်းလမ်းများနှင့် ဆောင်ရန်ရှောင်ရန် သဘောတရားများကို တာချီလိတ်မြို့ရှိ ကြက်ခြေနီတပ်ဖွဲ့မှ ဦးစီးမှူးဒုတိယတန်း ဦးဘမိုးမြင့် ဦးဆောင်သော ကြက်ခြေနီနည်းပြများသည် ၇.၆.၂၀၁၂ မှ ၁၅.၆.၂၀၁၂ထိ တာချီလိတ်မြို့နယ်ရှိ ကျေးရွာသူ ကျေးရွာသားများကို ပြန်လည်သင်ကြားပို့ချခြင်း သင်တန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

၇.၆.၂၀၁၂ မှ ၁၂.၆.၂၀၁၂ တွင် တာလေမြို့နယ်ခွဲ မိုင်းလင်းအနောက် မအန်ခန်ကျေးရွာရှိ ကျေးရွာသား/သူ( ၃၀ )ဦးကို ကျေးရွာအခြေပြုဘေးအန္တရာယ် လျော့ပါးရေးသင်ကြားပြီး သင်တန်းဆင်းလက်မှတ်များကို သင်ကြားမှုအပြီးတွင် ပေးအပ်ခဲ့ကြသည်။
ထို့နောက် ၁၃ရက်မှ ၁၅ရက်နေ့ထိ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် ကျေးရွာသား/သူ
( ၃၀)ဦးကိုလည်း ကျေးရွာအခြေပြုဘေးအန္တရာယ် လျော့ပါးရေးသင်ကြားပြီး သင်တန်းဆင်းလက်မှတ်များကို သင်ကြားမှုအပြီးတွင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ဘေးအန္တရယ်လျော့ပါးရေး သင်တန်းများနှင့် ဆက်လျဉ်း၍ ကျောင်းအခြေပြုဘေးအန္တရာယ် လျော့ပါးရေး သင်တန်းဖွင့်ပွဲအခမ်းအနား သတင်းကိုလည်း ပြန်လည်ဖတ်ရှုနိုင်ပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
www.tachileik.net
Social Buttons