Writen by
Tachileik News Agency
8:53 PM
-
0
Comments

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားရောက် လုပ်ကိုင်နေကြသော /သွားလာလှုပ်ရှားနေကြသော မြန်မာနိုင်ငံသားများသည် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်ရှိ ထိုင်းအစိုးရ၀န်ထမ်းများသည် တရားဝင်သတ်မှတ်ကြေငြာထားသောနှုန်းဖြင့်မဟုတ်ပဲ မြန်မာငွေ ကျပ်တစ်သိန်းနှင့်နီးစပ်သောငွေကြေးနှုန်းဖြင့် ကောက်ခံနေသည်ကို သတိမပြုမိ မသိရှိကြသလို မြန်မာအစိုးရဘက်မှ တာဝန်ရှိပုဂ္ဂိုလ်များမှလည်း မသိရှိကြသေးသည်ဖြစ်၍ ယခုလို လူငယ်များအနေဖြင့် စုံစမ်းကာ ရေးသားဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း ဦးစွာအသိပေးလိုပါသည်။
ထိုအထဲတွင် မြန်မာဘက်မှ နေ၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ထဲသို့သွားရောက်ကာ အလုပ်လုပ်နေသူတို့သည် ဈေးရောင်းသောအလုပ်ကို လုပ်ကြခြင်း၊ ဆောက်လုပ်ရေးနှင့်ပတ်သက်၍ ပန်းရံသွားရောက်လုပ်ကိုင်ခြင်း နှင့် အိမ်ဆေးသုတ်အလုပ်များ စသည်တို့ကို လုပ်ကိုင်ကြပါသည်။ ထိုသူတို့၏ အလုပ်တည်နေရာသည် ဝေးတဲ့နေရာရှိသလို နီးတဲ့နေရာတွေလည်းရှိကြသည်။ ဝေးသောနေရာများသို့ သွားရောက်ဖို့ရန်အတွက် မိမိတို့၏ အိမ်မှ ဆိုင်ကယ်များနှင့် မြန်မာဘက်မှ ထိုင်းဘက်သို့သွားရောက်ကြရသည်။ ထို့သို့ ဆိုင်ကယ်များဖြင့် သွားရောက်နိုင်ရန်အတွက် မြန်မာဘက်တွင် ယာဉ်ဖြတ်သန်းသွားလာခမှာ မြန်မာအစိုးရ၏ သတ်မှတ်ကြေးများကိုသာ ကောက်ခံကြပြီး ထိုင်းနိုင်ငံဘက်အ၀င်သို့ရောက်သောအခါ ထိုင်းဘက်သို့ တစ်ခါမှ မ၀င်ရောက်ဖူးသေးသော ဆိုင်ကယ်များကို Barcode System Stacker ဟုခေါ်သော တံဆိပ်ပြားလုပ်ရန်အတွက် ဘတ်ငွေ ၃၀၀၀ တောင်းခံပါသည်။ မော်ဒယ်လ်နိမ့်သော ဆိုင်ကယ်များကိုတော့ ဘတ်ငွေ ၂၀၀၀ မှ ၂၅၀၀ အထိ ကောက်ပါသည်။ ထိုသို့ကောက်ခံရခြင်းမှာ Barcode System Stacker အတွက်ဟုဆိုသည်။ ထို့နောက်တဖန် ဆိုင်ကယ်လျှောက်လွှာအတွက် ဘတ်ငွေ ၇၀ ပေးရသည်။ ထိုဘတ် ၇၀ သည် လျှောက်လွှာစာရွက်ပထမဆုံးအကြိမ်တွင် ပေးဆောင်ရခြင်းဖြစ်သည်။ ကောက်ခံငွေအတိအကျကို အောက်တွင် ဆက်ဖတ်နိုင်ပါသည်။
ထိုသို့ကောက်ခံနေခြင်းမှာ 2009-2010 ကာလမှစ၍ ယနေ့ထိ ကောက်ခံနေခြင်းဖြစ်ပြီး ယခုကဲ့သို့ ကောက်ခံခြင်းမှာ ထိုင်းအစိုးရမှ တရားဝင်ချမှတ်ထားသော ကောက်ခံနှုန်းဖြင့် ကောက်ခံခြင်းမဟုတ် ဟုဆိုတာလည်း သိရပါသည်။ ယခုဆိုလျှင် မြန်မာအစိုးရဖက်မှ ဆိုင်ကယ်များကို လိုင်စင်ဆောင်ခွင့် ( ၄ )လတိတိ ပေးထားသည်ဖြစ်ရာ (၄)လတိတိတွင် လိုင်စင်ဆောင်ပြီးမည့် ဆိုင်ကယ်အစီးပေါင်း
( ၁၂၀၀၀ ) ကျော်တို့သည်လည်း ထိုင်းနိုင်ငံဘက်သို့ အလုပ်သဘောအရဖြစ်စေ၊ အလည်အပတ်ဖြစ်စေ၊ ဆေးရုံဆေးခန်းစသည့်ကိစ္စများဖြင့် ဖြစ်စေ သွားရောက်ကြမည်ဟု အတတ်ပြောနိုင်ပါသည်။
ထို့သို့ သွားရောက်ကြမည်ဆိုပါက ထိုင်းဘက်တံတားပေါ်ရှိ ထိုင်းအစိုးရဘက်မှ ၀န်ထမ်းတို့သည် ဖြတ်သန်းခအတွက် ကောက်ခံခငွေကို မြင့်မားသောနှုန်းဖြင့် ကောက်ခံမြဲ ကောက်ခံနေမည်ဟု ယုံကြည်ပါသည်။
ယခုဆိုလျှင် မြန်မာဘက်မှ ဆိုင်ကယ်များကို လိုင်စင်ဆောင်ခွင့်ပေးထားသော နှုန်းထားမှာ ဘတ်ငွေဖြင့်တွက်သော် ဘတ် ၃၀၀၀ မှ ၄၀၀၀ အထိရှိပါသည်။ မြန်မာဘက်တွင် ဆိုင်ကယ်များ၏ လိုင်စင်ဆောင်ခနှင့် ညီမျှနေသော ထိုင်းအစိုရ၀န်ထမ်းတို့၏ ကောက်ခံငွေသည် များပြားနေပြီး လက်လုပ်လက်စားပြည်သူများအဖို့ ထိုငွေကို ပေးဖို့ရာ ခက်ခဲကြပါသည်။ သို့ပါ၍ မြန်မာအလုပ်သမားများအနေဖြင့် အိမ်တွင် ဆိုင်ကယ်ရှိသော်လည်း ထိုင်းအစိုးရ၀န်ထမ်းတို့၏ ပထမတစ်ကြိမ် ကောက်ခံသော ငွေ ၃၀၀၀ဘတ်ကို မပေးနိုင်၍ ခြေလျင် အလုပ်သွားအပြန်ဖြစ်နေကြရသည့်အပြင် အရေးကြီးကိစ္စဖြင့် ထိုင်းဘက်သို့ ဆိုင်ကယ်ဖြင့် သွားရောက်လိုသူများသည်လည်း ငွေကြေးတတ်နိုင်သူ အနည်းအကျဉ်းမျှသာ သွားနိုင်ကြပြီး ငွေကြေးမတတ်နိုင်သူ အများအပြားအနေဖြင့် မသွားနိုင်ဖြစ်နေကြသည်ကို ထိုင်းနိုင်ငံဘက်မှ သက်ဆိုင်ရာ လူကြီးမင်းများကို သိစေချင်ပါသည်။
ဆိုင်ကယ်အတွက် ကောက်ခံနှုန်း
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ( ၁ ) မယ်ဆိုင်-တာချီလိတ် တွင် မယ်ဆိုင်ဘက်ရှိ ထိုင်းအစိုးရ၀န်ထမ်းများမှ မြန်မာနိုင်ငံသားများအပေါ် ကောက်ခံသည့်နှုန်းထားများမှာ Barcode System Stackerဟုခေါ်သော တံဆိပ်ပြားတစ်ခုအတွက် ဆိုင်ကယ် မော်ဒယ်လ်အနိမ့်အမြင့်အလိုက်
( သက်တမ်းကုန်သွားပြီး ထပ်တိုးရင်တော့ ( ၅၀ ) ဘတ်သာကျပါသည်)
ထိုင်းဘက်သို့ ၀င်ရောက်ရန်အတွက် လျှောက်လွှာစာရွက်ပြုလုပ်ခကိုတော့ (၇0)ဘတ်ပေးရသည်။ အကြောင်းမသိလျှင် (၁၀၀) ဘတ်ပေးရသည်။
ကားများအတွက် ကောက်ခံနှုန်း
မြန်မာနိုင်ငံမှ တရားဝင် အခွန်ဆောင်ပြီးသော လိုင်စင်ရှိ ကားများကိုလည်း ဆိုင်ကယ်များနည်းတူ ကောက်ခံပါသည်။
ကျွန်တော်တို့ လူငယ်များအနေဖြင့် ထိုင်းအစိုးရအကြီးအကဲများမှ နယ်စပ်ဖြတ်သန်းသွားလာခကို တရားဝင်သတ်မှတ်ကြေးနှုန်းအတိုင်း ကောက်ခံရန် သတ်မှတ်ပေးသင့်သည်ဟု မြင်မိပါသည်။
ထို့အတူ တရားဝင်ကြေးနှုန်းဖြင့် အတိအကျ သတ်မှတ်ကောက်ခံပေးနိုင်ရန်အတွက်လည်း မြန်မာဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်လျှင် မြန်မာနိုင်ငံသားများအတွက် အထူးကောင်းမွန်ပြီး ပြည်သူပြည်သားများအနေဖြင့် ကျေးဇူးတင်နေမှာ မလွဲပါကြောင်း ယခုလို တင်ပြလိုက်ရပါသည်။
------------=-----------------
ကျွန်တော်တို့ မြို့လေးမှာ လူတန်းစားမျိုးစုံ နေထိုင်ကြတာနဲ့အညီ အလုပ်အကိုင်မျိုးစုံဖြင့် အသက်မွေးဝမ်းကျောင်းပြုရတာတွေရှိပါတယ်။ တစ်နေ့လုပ် တစ်နေ့စားအနေဖြင့် ဆိုင်ကယ်Taxi မောင်းနှင်ခြင်း၊ ကားTaxi မောင်းနှင်ခြင်း၊ ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားပေါ်တွင် ဟိုဘက်ပစ္စည်း ဒီဘက်ပို့ ၊ ဒီဘက်ပစ္စည်းဟိုဖက်ပို့စသည့် ကယ်ရီအလုပ်ဖြင့် လုပ်နေကြခြင်း ၊ နှစ်နိုင်ငံချစ်ကြည်ရေးတံတားထိပ်ရှိ သုံးဘီးဆိုင်ကယ်များ ရှမ်းရိုးရာဆိုက္ကားများ စသည်တို့သည် ထိုင်းနိုင်ငံမှ ရောက်လာမည့် ဧည့်သည်များကို တစ်နေကုန်ထိုင်စောင့်ပြီး ဧည့်သည်များသွားလည်ချင်သည့်နေရာများသို့ လိုက်လံပို့ဆောင်ပေးရသော အလုပ်ကိုလုပ်နေကြခြင်း၊ ပန်းရံအလုပ်၊ သူများအ၀တ်အား နေ့ပြတ်လျှော်ဖွပ်ပေးရသောအလုပ် စသည့် အလုပ်များဖြင့် လုပ်ကိုင်စားသောက်နေရသော လက်လုပ်လက်စားပြည်သူအများအပြားရှိနေသော နယ်စပ်မြို့လေးဖြစ်ပါသည်။ထိုအထဲတွင် မြန်မာဘက်မှ နေ၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ထဲသို့သွားရောက်ကာ အလုပ်လုပ်နေသူတို့သည် ဈေးရောင်းသောအလုပ်ကို လုပ်ကြခြင်း၊ ဆောက်လုပ်ရေးနှင့်ပတ်သက်၍ ပန်းရံသွားရောက်လုပ်ကိုင်ခြင်း နှင့် အိမ်ဆေးသုတ်အလုပ်များ စသည်တို့ကို လုပ်ကိုင်ကြပါသည်။ ထိုသူတို့၏ အလုပ်တည်နေရာသည် ဝေးတဲ့နေရာရှိသလို နီးတဲ့နေရာတွေလည်းရှိကြသည်။ ဝေးသောနေရာများသို့ သွားရောက်ဖို့ရန်အတွက် မိမိတို့၏ အိမ်မှ ဆိုင်ကယ်များနှင့် မြန်မာဘက်မှ ထိုင်းဘက်သို့သွားရောက်ကြရသည်။ ထို့သို့ ဆိုင်ကယ်များဖြင့် သွားရောက်နိုင်ရန်အတွက် မြန်မာဘက်တွင် ယာဉ်ဖြတ်သန်းသွားလာခမှာ မြန်မာအစိုးရ၏ သတ်မှတ်ကြေးများကိုသာ ကောက်ခံကြပြီး ထိုင်းနိုင်ငံဘက်အ၀င်သို့ရောက်သောအခါ ထိုင်းဘက်သို့ တစ်ခါမှ မ၀င်ရောက်ဖူးသေးသော ဆိုင်ကယ်များကို Barcode System Stacker ဟုခေါ်သော တံဆိပ်ပြားလုပ်ရန်အတွက် ဘတ်ငွေ ၃၀၀၀ တောင်းခံပါသည်။ မော်ဒယ်လ်နိမ့်သော ဆိုင်ကယ်များကိုတော့ ဘတ်ငွေ ၂၀၀၀ မှ ၂၅၀၀ အထိ ကောက်ပါသည်။ ထိုသို့ကောက်ခံရခြင်းမှာ Barcode System Stacker အတွက်ဟုဆိုသည်။ ထို့နောက်တဖန် ဆိုင်ကယ်လျှောက်လွှာအတွက် ဘတ်ငွေ ၇၀ ပေးရသည်။ ထိုဘတ် ၇၀ သည် လျှောက်လွှာစာရွက်ပထမဆုံးအကြိမ်တွင် ပေးဆောင်ရခြင်းဖြစ်သည်။ ကောက်ခံငွေအတိအကျကို အောက်တွင် ဆက်ဖတ်နိုင်ပါသည်။
ထိုသို့ကောက်ခံနေခြင်းမှာ 2009-2010 ကာလမှစ၍ ယနေ့ထိ ကောက်ခံနေခြင်းဖြစ်ပြီး ယခုကဲ့သို့ ကောက်ခံခြင်းမှာ ထိုင်းအစိုးရမှ တရားဝင်ချမှတ်ထားသော ကောက်ခံနှုန်းဖြင့် ကောက်ခံခြင်းမဟုတ် ဟုဆိုတာလည်း သိရပါသည်။ ယခုဆိုလျှင် မြန်မာအစိုးရဖက်မှ ဆိုင်ကယ်များကို လိုင်စင်ဆောင်ခွင့် ( ၄ )လတိတိ ပေးထားသည်ဖြစ်ရာ (၄)လတိတိတွင် လိုင်စင်ဆောင်ပြီးမည့် ဆိုင်ကယ်အစီးပေါင်း
( ၁၂၀၀၀ ) ကျော်တို့သည်လည်း ထိုင်းနိုင်ငံဘက်သို့ အလုပ်သဘောအရဖြစ်စေ၊ အလည်အပတ်ဖြစ်စေ၊ ဆေးရုံဆေးခန်းစသည့်ကိစ္စများဖြင့် ဖြစ်စေ သွားရောက်ကြမည်ဟု အတတ်ပြောနိုင်ပါသည်။
ထို့သို့ သွားရောက်ကြမည်ဆိုပါက ထိုင်းဘက်တံတားပေါ်ရှိ ထိုင်းအစိုးရဘက်မှ ၀န်ထမ်းတို့သည် ဖြတ်သန်းခအတွက် ကောက်ခံခငွေကို မြင့်မားသောနှုန်းဖြင့် ကောက်ခံမြဲ ကောက်ခံနေမည်ဟု ယုံကြည်ပါသည်။
ယခုဆိုလျှင် မြန်မာဘက်မှ ဆိုင်ကယ်များကို လိုင်စင်ဆောင်ခွင့်ပေးထားသော နှုန်းထားမှာ ဘတ်ငွေဖြင့်တွက်သော် ဘတ် ၃၀၀၀ မှ ၄၀၀၀ အထိရှိပါသည်။ မြန်မာဘက်တွင် ဆိုင်ကယ်များ၏ လိုင်စင်ဆောင်ခနှင့် ညီမျှနေသော ထိုင်းအစိုရ၀န်ထမ်းတို့၏ ကောက်ခံငွေသည် များပြားနေပြီး လက်လုပ်လက်စားပြည်သူများအဖို့ ထိုငွေကို ပေးဖို့ရာ ခက်ခဲကြပါသည်။ သို့ပါ၍ မြန်မာအလုပ်သမားများအနေဖြင့် အိမ်တွင် ဆိုင်ကယ်ရှိသော်လည်း ထိုင်းအစိုးရ၀န်ထမ်းတို့၏ ပထမတစ်ကြိမ် ကောက်ခံသော ငွေ ၃၀၀၀ဘတ်ကို မပေးနိုင်၍ ခြေလျင် အလုပ်သွားအပြန်ဖြစ်နေကြရသည့်အပြင် အရေးကြီးကိစ္စဖြင့် ထိုင်းဘက်သို့ ဆိုင်ကယ်ဖြင့် သွားရောက်လိုသူများသည်လည်း ငွေကြေးတတ်နိုင်သူ အနည်းအကျဉ်းမျှသာ သွားနိုင်ကြပြီး ငွေကြေးမတတ်နိုင်သူ အများအပြားအနေဖြင့် မသွားနိုင်ဖြစ်နေကြသည်ကို ထိုင်းနိုင်ငံဘက်မှ သက်ဆိုင်ရာ လူကြီးမင်းများကို သိစေချင်ပါသည်။
ဆိုင်ကယ်အတွက် ကောက်ခံနှုန်း
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ( ၁ ) မယ်ဆိုင်-တာချီလိတ် တွင် မယ်ဆိုင်ဘက်ရှိ ထိုင်းအစိုးရ၀န်ထမ်းများမှ မြန်မာနိုင်ငံသားများအပေါ် ကောက်ခံသည့်နှုန်းထားများမှာ Barcode System Stackerဟုခေါ်သော တံဆိပ်ပြားတစ်ခုအတွက် ဆိုင်ကယ် မော်ဒယ်လ်အနိမ့်အမြင့်အလိုက်
- 3000 ဘတ်
- 2000 ဘတ်
- 1500 ဘတ်
( သက်တမ်းကုန်သွားပြီး ထပ်တိုးရင်တော့ ( ၅၀ ) ဘတ်သာကျပါသည်)
ထိုင်းဘက်သို့ ၀င်ရောက်ရန်အတွက် လျှောက်လွှာစာရွက်ပြုလုပ်ခကိုတော့ (၇0)ဘတ်ပေးရသည်။ အကြောင်းမသိလျှင် (၁၀၀) ဘတ်ပေးရသည်။
ကားများအတွက် ကောက်ခံနှုန်း
မြန်မာနိုင်ငံမှ တရားဝင် အခွန်ဆောင်ပြီးသော လိုင်စင်ရှိ ကားများကိုလည်း ဆိုင်ကယ်များနည်းတူ ကောက်ခံပါသည်။
ထိုင်းဖက်မှလာသော ထိုင်းလူမျိုးများကို အထက်ပါဈေးနှုန်းများအတိုင်း ကောက်ခံခြင်းမရှိပဲ မြန်မာများကိုသာ အထက်ပါဈေးနှုန်းအတိုင်း ကောက်ခံကြောင်းသိရပါသည်။
ထို့အတူ တရားဝင်ကြေးနှုန်းဖြင့် အတိအကျ သတ်မှတ်ကောက်ခံပေးနိုင်ရန်အတွက်လည်း မြန်မာဘက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်လျှင် မြန်မာနိုင်ငံသားများအတွက် အထူးကောင်းမွန်ပြီး ပြည်သူပြည်သားများအနေဖြင့် ကျေးဇူးတင်နေမှာ မလွဲပါကြောင်း ယခုလို တင်ပြလိုက်ရပါသည်။
အထက်ပါ ကိစ္စအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ အသိပေးခဲ့ပြီးဖြစ်သည်နှင့်အညီ ၎င်းတို့မှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရ၍ ကျွန်တော်တို့မှ ကျေးဇူးအထူးတင်ပါကြောင်း ထပ်မံပြောလိုက်ပါသည်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
tachileik@tachileik.net
www.tachileik.net
tachileik@tachileik.net
Social Buttons