Latest News

Dropdown Menu

Saturday, June 23, 2012

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ဆေးရုံအတွင်း စုပေါင်းသန့်ရှင်းရေး

၃.၇.၂၀၁၂ ( အင်္ဂါနေ့ )တွင် ကျရောက်မည်ဖြစ်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၄.၆.၂၀၁၂ နံနက်(၆း၃၀)မှ(၇း၃၀)ထိ မြို့နယ်ဌာနဆိုင်ရာပေါင်းစုံတို့မှ တာချီလိတ်မြို့ဆေးရုံထဲတွင် သန့်ရှင်းရေးလုပ်ဆောင်ခဲ့ကြသည်။







ဆေးရုံအတွင်း စုပေါင်းသန့်ရှင်းရေးကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထူးမှ လာရောက် ကြည့်ရှုပြီး မြန်မာအမျိုးသမီးရေးရာမှ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆေးရုံမှ ဆရာ ဆရာမများ၊ ပညာရေးမှ ဆရာ ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာပေါင်းစုံတို့အပြင် ရပ်ကွက်များမှ တာဝန်ရှိသူအများအပြား လာရောက်၍ တာချီလိတ်ဆေးရုံတွင် သန့်ရှင်းရေးအဖြစ် စုပေါင်း၍ (၁)နာရီကြာ လုပ်ဆောင်ခဲ့ကြသည်။

ပုံများကိုကြည့်ရန်



တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
« PREV
NEXT »