Writen by
Tachileik News Agency
9:32 AM
-
0
Comments
၂၂.၆.၂၀၁၂ တွင် တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ကျသော ရဲအုပ်မြင့်လွင် ဦးစီးသော ဒုရဲအုပ်ကြည်လွင်၊ ရဲတပ်ကြပ်ဇော်ဝင်းဌေး၊ ရဲတပ်သား ၀င်းမြင့်လှိုင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသော ကားများနှင့် ဆိုင်ကယ်များနှင့်အတူ ယာဉ်တွင်လိုက်ပါလာသော ခရီးသည်များအား စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်နေကြသည်။
ထိုသို့ စစ်ဆေးမှုများပြုလုပ်နေကြစဉ် ညနေ(၆)နာရီ (၅၅)မိနစ်တွင် မိုင်းဆက်ဘက်မှ တာချီလိတ်ဘက်သို့ လာသော Wave အနီနက်ကြားရောင်ကိုမောင်းနှင်လာသော လူတစ်ဦးအား တားမြစ်စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အစိမ်းရောင်အတွင်းခံဘောင်းဘီနှင့် ခန္ဓာကိုယ်ကြားတွင် အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထုတ်ထားပြီးအပြာရောင်အိတ်ငယ်ဖြင့် ထည့်ထားသော WYစာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ( ၂၀၀ )ပြားစီပါသော (၂)ထုတ် စုစုပေါင်း(၄၀၀)ပြားကိုတွေ့ရှိ သိမ်းဆည်းရမိသည်။

သို့ပါ၍ စိတ်ကြွဆေးပြားနှင့်အတူ ဖမ်းဆီးရမိသူ တရားခံအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူလျက်ရှိကြောင်း သတင်းရရှိပါသည်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
www.tachileik.net
Social Buttons