Latest News

Dropdown Menu

Tuesday, June 26, 2012

ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်အနီးတ၀ိုက်သို့ ပို့ဆောင်မည့် လက်နက် ( ၅၆ )လက်အား ထိုင်းရဲများကဖမ်းဆီးရမိ

မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့်နီးစပ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မှုခင်းနိမ်နင်းရေးတပ်ဖွဲ့မှ တာချီလိတ်မြို့အပါအ၀င် အိမ်နီးချင်းနိုင်ငံရှိ မြန်မာနယ်စပ်၊ လောနိုင်ငံနယ်စပ်ရှိ သို့ မယ်ဆိုင်မြို့ ထိုင်း မြန်မာ နယ်စပ်လမ်းကျောမှ လက်နက်ကြီးများကြီးတင်ပို့ရန် သတင်းရရှိထားပြီးဖြစ်သဖြင့် ထိုလက်နက်တင်ပို့မည့်အခြေ အနေနှင့်တကွ
သက်ဆိုင်ရာလက်နက်ရောင်းဝယ်ရေးအဖွဲ့အစည်းများအား လွန်ခဲ့သောရက်အနည်းငယ်က စောင့်ကြည့်လျှက်ရှိရာ ၂၅.၆.၂၀၁၂ရက်နေ့ ညနေ ၅း၃၀နာရီခန့်တွင် သက်ဆိုင်ရာ မှုခင်းနိမ်နင်းရေးတပ်ဖွဲ့မှ သတင်းရရှိထားသည့်အတိုင်း ပုံဖာ ရပ်ကွက် ရှိ နေအိမ်အမှတ် 165 ม.12 တစ်ထပ်အိမ်အတွင်းသို့ ပစ်မှတ်ချထားသောကားတစ်စီးမှာ ထိုအိမ်အတွင်းသို့ဝင်ရောက်ပြီး သံသယရှိစွာ လျှင်မြန်စွာပြန်မောင်းထွက်သွားသည်ကို တွေ့ရှိပြီးနောက် တာဝန်ရှိရဲတပ်ဖွဲ့များက ထိုအိမ်အတွင်းသို့ ၀င်ရောက်ကာ အိပ်ခန်းနှင့်ကပ်ရက်ရှိ စတိုခန်းတွင်းသို့ ၀င်ရောက်ရှာဖွေခဲ့ရာ လက်နက်များစွာတို့ကို ရှာဖွေတွေ့ရှိရသည်။

{ဖမ်းဆီးရမိသော လက်နက်များ}

ထို့အပြင် အဓိက မသင်္ကာဖွယ်အဖြစ် သတ်မှတ်ထားသော မယ်ဆိုင်မြို့ ၀င်းဖန်းခမ်း ရပ်ကွက်နေအိမ်အမှတ် 206ม.9 တွင် နေထိုင်သည့်အသက် 45 နှစ်ရှိ Mr. payatchyar khunkham ၏ နေအိမ်တွင်လည်း ရှာဖွေစစ်ဆေးခဲ့ကြောင်းသိရသည်။

သိမ်းဆည်းရမိသောလက်နက်များမှာ-
  • အာပီဂျီ လောင်ချာ (၁၂) လက်၊
  • အေကေ (၄၇) မောင်းပြန်ရိုင်ဖယ်(၁၇) လက်၊
  • အမ် (၇၉) လောင်ချာ (၁၂) လက်
  • အမ် ၁၆ မောင်းပြန် ရိုင်ဖယ် (၆) လက်၊
  • အာပီဂျီ ဗုံးသီး (၉)လုံး

လက်နက်များကို သိုဝှတ်ထားသော အသက်( ၄၈ )နှစ်ရှိ အိမ်ပိုင်ရှင်ဖြစ်သူ Mr. sawan kyai kyouk ဆိုသူအား ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။ ယခုဖမ်းဆီးရမိသော လက်နက်တန်ဖိုးမှာ ဘတ်ငွေ ( ၅ ) သန်းခန့်ရှိသည်ဟု ပြောကြားသည်။

တရားခံ ရဲ့ ထွက်ဆိုချက်အရ ထိုင်း မြန်မာနယ်စပ်အနီး မယ်ဆိုင်မြို့ရှိ ပြောင်းဖူးခြံသို့သယ်ယူရန် မိမိနေအိမ်အတွင်းသိမ်းဆည်းထားရာတွင် သယ်ဆောင်ခ တစ်ခေါက်လျှင်
10000 ဘတ် ရရှိကြောင်းနှင့် တစ်ခေါက်သာသယ်ယူဖုးကြောင်း ထိုမှတဆင့် ရေကြောင်းလမ်းမှ တခြားလက်နက်ရောင်းဝယ်ရေးသမားထံတင်ပို့ကြောင်း ပြောဆိုသည်ဟု မယ်ဆိုင်သတင်းဌာနတစ်ခုမှ သိရှိရပါသည်။

သိမ်းဆည်းရမိသော လက်နက်များအား ကြည့်ရန်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
« PREV
NEXT »