Writen by 
                            Tachileik News Agency
12:46 AM
                            - 
                            
0
                            Comments
                          
၂၆.၆.၂၀၁၂ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေး  အထိမ်းအမှတ်နေ့ဖြစ်သည်နှင့်အညီ ထိုနေ့အား ဂုဏ်ပြုသောအားဖြင့်  တာချီလိတ်မြို့  အောင်မြတ်ခန်းမတွင် အခမ်းအနားဖြင့်ကျင်းပပြုလုပ်ခဲ့ကြသည်။


အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ်နေ့အတွက် သက်ဆိုင်ရာဌာနများမှ လူကြီးမင်းများအနေဖြင့် မိန့်ခွန်းများပြောကြားခြင်း ပြိုင်ပွဲဝင်ကြသော တာချီလိတ်မြို့ရှိ ကျောင်းသူကျောင်းသားများ၏ စာစီစာကုံးများ၊ ကာတွန်းများ၊ ပန်းချီများကို ရွေးချယ်ဆုပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

ထိုအခမ်းအနားသို့ တာချီလိတ်မြို့ (အခြေချ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးခင်မောင်စိုးမှ အဖွင့်အမှာစကားကို ပြောကြားပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ထံမှ ပေးပို့သည့် သ၀ဏ်လွှာအား တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၊ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင် မှ ဖတ်ကြားပေးခဲ့သည်။

ထို့နောက်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေအကြောင်းအရာများကို တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးရေးအဖွဲ့ဝင် ခရိုင်ဥပဒေအရာရှိ ဦးစိုင်းကျော်ဇံမှ ဟောပြောပြီး ကျန်းမာရေးနှင့် မူးယစ်ဆေးအန္တရာယ်အကြောင်းများကို ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောလွင်မှ ဟောပြောခဲ့ကြသည်။



ဟောပြောမှုများအပြီးဆုရရှိသူ ကျောင်းသား ကျောင်းသူများအား ဆုပေးခြင်းအခမ်းအနားကို
( ၀၁။ ) အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ( ၃ )ဦး အား
တာချီလိတ်မြို့ (အခြေချ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးခင်မောင်စိုး မှ ဆုချီးမြှင့်ပေးသည်။
( ၀၂။ ) အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ( ၃ )ဦး အား
တာချီလိတ်ခရိုင် အုပ်ချူပ်ရေးမှူး ဦးသက်လွင် မှ ဆုချီးမြှင့်ပေးသည်။
( ၀၃။ ) အထက်တန်းအဆင့် ကာတွန်းပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ( ၃ )ဦး အား
ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအုန်းကျော် မှ ဆုချီးမြှင့်ပေးသည်။
( ၀၄။ ) အထက်တန်းအဆင့် ပိုစတာပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ( ၃ )ဦး အား
တာချီလိတ်ခရိုင် ဥပဒေအရာရှိ ဦးစိုင်းကျော်ဇံ မှ ဆုချီးမြှင့်ပေးသည်။
( ၀၅။ ) အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ( ၃ )ဦး အား
တာချီလိတ်ခရိုင် ကျန်းမာရေးမှူး ဒေါက်တာစောလွင် မှ ဆုချီးမြှင့်ပေးသည်။
( ၀၆။ ) အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ( ၃ )ဦး အား
တာချီလိတ်မြို့နယ် အုပ်ချူပ်ရေးမှူး ဦးရဲထူး မှ ဆုချီးမြှင့်ပေးသည်။
( ၀၇။ ) အလယ်တန်းအဆင့် ကာတွန်းပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ( ၃ )ဦး အား
တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသိန်းထွန်းဦး မှ ဆုချီးမြှင့်ပေးသည်။
( ၀၈။ ) အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ( ၃ )ဦး အား
တာချီလိတ်မြို့နယ် ပညာရေးမှူး ဒေါ်ဌေးဌေး မှ ဆုချီးမြှင့်ပေးသည်။
( ၀၉။ ) မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ( ၃ )ဦး အား
တာချီလိတ်မြို့ World Vision မန်နေဂျာ ဦးညွှန့်အောင်မှ ဆုချီးမြှင့်ပေးသည်။
( ၁၀။ ) မူလတန်းအဆင့် ကာတွန်းပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ( ၃ )ဦး အား
ASG အဖွဲ့ မန်နေဂျာ ဒေါက်တာမြင့်အောင်မှ ဆုချီးမြှင့်ပေးသည်။
( ၁၁။ ) ကျိုင်းတုံခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူ ( ၇)ဦးအား
တာချီလိတ်မြို့နယ်စာပေနှင့် စာနယ်ဇင်းဥက္ကဌ ဦးထိန်မင်း မှ ဆုချီးမြှင့်ပေးသည်။
အခမ်းအနားအစီအစဉ်ကို  နံနက် (၈း၅၀)တွင် စတင်ခဲ့ပြီး နံနက်(၁၀း၅၀)တွင် ပြီးဆုံးခဲ့ပါသည်။  ထိုအခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် ကျောင်းသားမိဘများလည်း   တက်ရောက်ခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်လာသောပုံရိပ်များနှင့် ကျောင်းသားကျောင်းသူများ၏ ဆုရဓါတ်ပုံများကို ကြည့်လိုလျှင် အောက်တွင်နိပ်ပါ
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
www.tachileik.net
Social Buttons