Writen by 
                            Tachileik News Agency
1:58 AM
                            - 
                            
0
                            Comments
                          
၂၀၁၂ခုနှစ် ဇွန်လ ( ၂၆ )နေ့ရက်တွင် ပြုလုပ်ကျင်းပမည်ဖြစ်သော ( ၁၅ )ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ၆.၆.၂၀၁၂ မှစ၍ ၁၂.၆.၂၀၁၂ထိ တာချီလိတ်မြို့ရှိ စာသင်ကျောင်းများသို့သွားရောက်၍ ( ၈ )တန်း ( ၉ )တန်း နှင့် ( ၁၀ )တန်း ကျောင်းသား ကျောင်းသူများကို မူးယစ်ဆေးနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာများ၊ ရှောင်ရန် ဆောင်ရန်များ စသည့်အသိပေးပညာရပ်များကို အကြိုဟောပြောပွဲအဖြစ် ဟောပြောကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အကြိုဟောပြောပွဲကို
တာချီလိတ်မြို့ အ.ထ.က ဆန်ဆိုင်းကျောင်း၌ ၇.၆.၂၀၁၂ နံနက် (၉)နာရီ မိနစ်၄၀တွင် ( ၈ )တန်း ( ၉ )တန်း နှင့် ( ၁၀ )တန်း ကျောင်းသား ကျောင်းသူများ မူးယစ်ဆေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပထမဦးစွာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေအကြောင်းအရာများကို မြို့နယ်ဥပဒေအရာရှိ ဦးအတူးမှ ဟောပြောခဲ့သည်။ ၎င်း၏ ဟောပြောမှုတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည်ဖြစ်စေ သုံးစွဲ ရောင်းချသည်ဖြစ်စေ ဥပဒေအရ အရေးယူဆောင်ရွက်ပြီး ထောင်ဒဏ်ကျနိုင်ကြောင်း ထောင်ဒဏ်အပြင် သေဒဏ်များလည်း ချမှတ်နိုင်ကြကြောင်း ထို့ကြောင့် မူးယစ်ဆေးနှင့်ပတ်သက်လျှင် ရှောင်ရှားစေလိုကြောင်း ရည်ရွယ်၍ မိနစ် ၂၀ကြာ ဟောပြောခဲ့သည်။
၎င်းနောက်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်စေတတ်သော ရောဂါများအကြောင်းကို ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်အဖြစ် ဒေါက်တာဒေါ်ဝင်းချိုချိုအောင်မှ ပြောကြားခဲ့သည်။ ဒေါက်တာဒေါ်ဝင်းချိုချိုအောင်၏ ပြောကြားချက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ ဖြစ်တတ်သော ပုံစံများ ဖြစ်လေ့ရှိသော ကိစ္စရပ်များအား စသည်ဖြင့် အကျယ်တ၀င့်ရှင်းလင်းပြောကြားရင်း ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေးနှင့် ပတ်သက်၍ မသုံးစွဲမိစေဖို့ အထူးသတိပေးပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အကြိုဟောပြောပွဲကို
- ၆.၆.၂၀၁၂ တွင် အ.ထ.က တာချီလိတ်
 - ၇.၆.၂၀၁၂ တွင် အ.ထ.က ဆန်ဆိုင်း
 - ၈.၆.၂၀၁၂ တွင် အ.ထ.က ဟောင်လိတ်
 - ၁၁.၆.၂၀၁၂ တွင် မူလွင်ကျောင်း ဝေလေလန်
 - ၁၂.၆.၂၀၁၂ တွင် အ.ထ.က တာလေ
 
တာချီလိတ်မြို့ အ.ထ.က ဆန်ဆိုင်းကျောင်း၌ ၇.၆.၂၀၁၂ နံနက် (၉)နာရီ မိနစ်၄၀တွင် ( ၈ )တန်း ( ၉ )တန်း နှင့် ( ၁၀ )တန်း ကျောင်းသား ကျောင်းသူများ မူးယစ်ဆေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပထမဦးစွာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေအကြောင်းအရာများကို မြို့နယ်ဥပဒေအရာရှိ ဦးအတူးမှ ဟောပြောခဲ့သည်။ ၎င်း၏ ဟောပြောမှုတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည်ဖြစ်စေ သုံးစွဲ ရောင်းချသည်ဖြစ်စေ ဥပဒေအရ အရေးယူဆောင်ရွက်ပြီး ထောင်ဒဏ်ကျနိုင်ကြောင်း ထောင်ဒဏ်အပြင် သေဒဏ်များလည်း ချမှတ်နိုင်ကြကြောင်း ထို့ကြောင့် မူးယစ်ဆေးနှင့်ပတ်သက်လျှင် ရှောင်ရှားစေလိုကြောင်း ရည်ရွယ်၍ မိနစ် ၂၀ကြာ ဟောပြောခဲ့သည်။
၎င်းနောက်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်စေတတ်သော ရောဂါများအကြောင်းကို ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်အဖြစ် ဒေါက်တာဒေါ်ဝင်းချိုချိုအောင်မှ ပြောကြားခဲ့သည်။ ဒေါက်တာဒေါ်ဝင်းချိုချိုအောင်၏ ပြောကြားချက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ ဖြစ်တတ်သော ပုံစံများ ဖြစ်လေ့ရှိသော ကိစ္စရပ်များအား စသည်ဖြင့် အကျယ်တ၀င့်ရှင်းလင်းပြောကြားရင်း ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေးနှင့် ပတ်သက်၍ မသုံးစွဲမိစေဖို့ အထူးသတိပေးပြောကြားခဲ့သည်။
နောက်တစ်ဖန် တာချီလိတ်မြို့နယ် စာရေးဆရာများအသင်း ဥက္ကဌဦးထိန်မင်းမှ "ဆေးစွဲသူ ကူကြစို့"ခေါင်းစဉ်ဖြင့် ဟောပြောတွင် ကျောင်းသား ကျောင်းသူများအနေဖြင့် စိတ်တက်ကြွစွာ နားထောင်ရင်း လိုက်နာစေရန်အတွက် ရေဓါတ်၊ မြေဓါတ်၊ လေဓါတ်၊ မီးဓါတ် စသည်များကို ကျောင်းသား ကျောင်းသူများ နားလည်လွယ်စေရန် ဟာသနှော၍ ရှင်းလင်း ပြောကြားအပြီး HELP ဆိုသည် စကားလုံးကို ဖွဲ့နွဲ့၍ ပြောကြားခဲ့သည်။။
နောက်ဆုံးအစီအစဉ်တွင် တာချီလိတ်မြို့ မူးယစ်အထူးနိမ်းနှင်းရေးတပ်ဖွဲ့မှ ရဲအုပ်မြင့်လွင်သည် မူးယစ်ဆေးနှင့်ပတ်သက်၍ မူးယစ်ဆေးအမည်များနှင့် မူးယစ်ဆေးသုံးစွဲသူတို့၏ သွားလာလှုပ်ရှားမှုများ၊ မူးယစ်နိမ်နှင်းရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိသော သက်သေခံပစ္စည်များနှင့်တရားခံများ၏ ပုံများ၊ ကျေးရွာများရှိ ကျောင်းနေရွယ်ကလေးများ မူးယစ်ဆေးကြောင့် ကျောင်းမနေနိုင်သော ပုံများ စသည်တို့ကို projectorဖြင့် ရှင်းလင်းပြသခဲ့ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် ဖြစ်စေ၊ အနီးအနားမှ လူများကိုဖြစ်စေ မူးယစ်ဆေးနှင့်ပတ်သက်သည်များကို သတိပေရှောင်ရှာစေပေးစေလိုကြောင်း၊ မူးယစ်ကင်းစင်မှ သာယာပျော်ရွှင်စရာဘ၀ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပုံများကို ကြည့်ရန်
မူးယစ်တိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲ 38 photos
ကျေးဇူးတင်ပါသည်
တာချီလိတ် အွန်လိုင်း စာမျက်နှာ
www.tachielik.net
တာချီလိတ် အွန်လိုင်း စာမျက်နှာ
www.tachielik.net
Social Buttons