Latest News

Dropdown Menu

Sunday, June 3, 2012

သာသနာသက္ကရာဇ် ၂၆၀၀ပြည့် ဆွမ်းလောင်းပွဲနှင့် အလင်းရောင်ပရဟိတအသင်းတို့ရဲ့ အလှူ

ယနေ့သည် ၄.၆.၂၀၁၂ နယုန်လပြည့် တနလာင်္နေ့ဖြစ်သည်နှင့်အညီ ဗုဒ္ဓဘာသာအနွယ်ဝင် ကုသိုလ်တော်ရှင်များအတွက် စေတနာသဒ္ဒါအားထက်သန်စေခဲ့သော နေ့ထူးနေ့မြတ်ဖြစ်စေခဲ့ပါသည်။ အကြောင်းမှာ ယနေ့သည် တာချီလိတ်မြို့ ရွှေတိဂုံရင်ပြင်ပေါ်တွင် သာသနာသက္ကရာဇ် ၂၆၀၀ ပြည့်အထိမ်းအမှတ်အဖြစ် သံဃာတော်အပါး( ၆၀၀ )ကို ဆွမ်းဆန်စိမ်းလောင်းလှူကြသည်ဖြစ်သလို အလင်းရောင် ပရဟိတအသင်းမှလည်း လပြည့်လကွယ်နေ့တိုင်း ဆွမ်းလောင်းလှူသည့် (၅)ကြိမ်မြောက် ဆွမ်းလောင်းပွဲဖြစ်စေခဲ့သလို၊ အလင်းရောင် ပရဟိတအသင်းမှ တာချီလိတ်မြို့ရှိ ဆင်းရဲနွမ်းပါးသော ကျောင်းနေကလေး ( ၃၂ ) ဦးကို ကျောင်းဝတ်စုံ နှင့် စာရေးကရိယာများပေးဝေလှူဒါန်းသော နေ့ကြီးဖြစ်ခဲ့လေသည်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

တာချီလိတ်မြို့ ရွှေတိဂုံရင်ပြင်ပေါ်မှ ဆွမ်းဆန်စိမ်းလောင်လှူပွဲ
၎.၆.၂၀၁၂ နံက် (၆)နာရီမှ စ၍တာချီလိတ်မြို့တွင် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအား အမှူးပြု၍ သာသနာသက္ကရာဇ် ၂၆၀၀ ပြည့်အထိမ်းအမှတ်အဖြစ် သံဃာတော်အပါး( ၆၀၀)ကို တာချီလိတ် ရွှေတိဂုံရင်ပြင်ပေါ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို တာချီလိတ်မြို့ရှိ ကုသိုလ်ရှင်များနှင့် ကျင်းပခဲ့ကြသည်။

ထိုဆွမ်းဆန်စိမ်းလောင်းလှူရာ၌ ပထမပိုင်းတွင် နဂါးနှစ်ကောင်ဆရာတော်မှ ပရိတ်တရားများကို ရွတ်ဖတ်ပူဇော်၍ ရေစက်ချပေးတော်မူသည်။ ထို့နောက် ဆွမ်းဆန်စိမ်း လောင်းလှူခြင်းကို အလှူခံတော်မှုခဲ့သည်။

ဆွမ်းဆန်စိမ်းလောင်းပွဲ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်၊ လ၀က စသည့် ခရိုင်အဆင့် မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှလည်း လာရောက်၍ လောင်းလှူခဲ့ကြသည်။ ရွှေတိဂုံရင်ပြင်ပေါ်မှ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား နံနက်(၉)နာရီဝန်းကျင်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။






❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

အလင်းရောင်ပရဟိတအသင်းတို့ရဲ့ အလှူပွဲ
ထို့အတူ တာချီလိတ်မြို့ရှိ အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကျင်းပလျှက်ရှိသော လပြည့်လကွယ်နေ့တိုင်း ဆွမ်းလောင်းပွဲ၏ ယခုအကြိမ်သည် ( ၅ ) ကြိမ်မြောက် ဆွမ်းလောင်းပွဲဖြစ်ပါသည်။
၎င်းတို့၏ ( ၅ )ကြိမ်မြောက်ဆွမ်းလောင်းပွဲတွင် -
  • သံဃာတော် = ( ၅၁၄ )ပါး
  • သီလရှင် = ( ၄၅ )ပါး
စသည်ဖြစ် စုစုပေါင်း( ၅၃၉ )ပါးကို တာချီလိတ်မြို့ရှိ အလှူရှင်များနှင့် စုပေါင်း၍ လောင်းလှူခဲ့ကြသည်။






ထို့နောက်တွင် အလင်းရောင်ပရဟိတအသင်းမှ လတ်တလော နီးစပ်ရာရပ်ကွက်များသို့ ကွင်းဆင်းလေ့လာစီစစ်ကောက်ခံရာ ဆင်းရဲနွမ်းပါးသူ ကျောင်းနေရွယ် ကလေးသူငယ် ( ၃၂ )ယောက်ကို ဆွမ်းလောင်းပွဲ မဏ္ဍပ်သို့ ခေါ်ယူ၍ ကျောင်းသားတစ်ယောက်တွင် ကျောင်းဝတ်စုံ(၁)စုံ၊ စာအုပ်၊ ခဲတံ၊ ပေတံ စသည့် စာရေးကရိယာတစ်စုံစီကို တစ်ဦးချင်းစီ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။

ပုံများကို ကြည့်လိုပါက

ကျေးဇူးတင်ပါသည်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
« PREV
NEXT »