Writen by
Tachileik News Agency
12:59 AM
-
0
Comments

၂၀၁၂ခုနှစ် ဇူလိုင်(၁၉)တွင် ကျရောက်သော (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ၊ ဧည့်သည်တော်များနှင့်အတူ နံနက်(၉)နာရီမှာ ပြုလုပ်ကျင်းပခဲ့ကြပါသည်။


အခမ်းအနားသို့ တက်ရောက်လာကြသော ပါတီဝင်များနှင့် ဧည့်သည်တော်များကို ပါတီမှတာဝန်ရှိသူ တစ်ဦးက ဇူလိုင်(၁၉)တွင် ကျဆုံးသွားခဲ့သော အာဇာနည်ပုဂ္ဂိုလ်(၉)ဦးရဲ့ အတ္တုပ္ပတိအကျဉ်းကို ဖတ်ကြားသည်။


ထိုအခမ်းအနားကို မစတင်မီ နံနက်(၆)နာရီတွင် သံဃာတော်အရှင်သူမြတ်(၅)ပါးအား ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်း အစုစုတို့ဖြင့် ဇူလိုင်(၁၉)တွင် ကျဆုံးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးကာ ရေစက်သွန်းချ အမျှဝေမှုကိုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ပုံများကို ကြည့်ရန်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
www.tachileik.net
Social Buttons