Writen by
Tachileik News Agency
11:45 PM
-
0
Comments
နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ(၃)ရက်နေ့သည် မြန်မာအမျိုးသမီးများနေ့ သတ်မှတ်ထားသည်ဖြစ်ရာ တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၃ရက်နေ့ ၂၀၁၂ခုနှစ် နံနက် (၉)နာရီမှာ စတင်ကျင်းပခဲ့ပြီး နံနက်( ၁၀း၁၀ )နာရီမှာ အခမ်းအနား အစီအစဉ် ပြီးစီးခဲ့ကြပါတယ်။
အခမ်းအနားမှာတော့ မြန်မာအမျိုးသမီးများနေ့အကြောင်းအရာများကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါက်တာဌေးဌေးဝင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ရွှေမိုးသူဇာတို့က ရှင်းလင်းပြောကြားအပြီး၊ တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့သို့ အလှူရှင်များမှ အလှူငွေပေးအပ်ခြင်းကို စတင်ခဲ့ရာ အလှူငွေစုစုပေါင်းကျပ် ( ၂,၆၂၀,၀၀၀/ိ [နှစ်ဆယ့်ခြောက်သိန်းနှစ်သောင်းကျပ်တိတိ]ကို လက်ခံရယူပြီးဂုဏ်ပြုလွှာများကို ပြန်လည်ပေးအပ်ကြပါတယ်။

အဲ့ဒီနောက်မှာတော့ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့စာသင်ကျောင်းများရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူများမှ စာစီစာကုံးဝင်ရောက်ယှဉ်ပြိုင်ကြရာ ထိုအထဲမှ ရွေးချယ်ပြီး ဆုချီးမြှင့်ခြင်းကို စတင်ခဲ့ကြပါတယ်။


၂၀၁၁-၂၀၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူများကို တစ်ဦးချင်းစီအလိုက် ဂုဏ်ပြုဆုငွေများကို ချီးမြှုင့်ပေးအပ်သလို မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲဝင်များကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး အခမ်းအနားကိုတော့ မြန်မာအမျိုးသမီးများ ဂုဏ်ပြုသီချင်းအပြီးမှာ ပြီးစီးကြောင်းကြေငြာခဲ့ကြပါတယ်။
အခမ်းအနားပုံများနှင့် ဆုရဓါတ်ပုံများကို ကြည့်ရန်အောက်တွင်နိပ်ပါ
မြန်မာအမျိုးသမီးများနေ့ နှင့် ဆုပေးပွဲအခမ်းအနား ( ၁ ) 44 photos
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
www.tachileik.net
Social Buttons