Writen by
Tachileik News Agency
9:57 PM
-
0
Comments
၂၀၁၂ခုနှစ် ဇူလိုင်(၂၁)ရက် ည(၁၁)နာရီဝန်းကျင်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ထွေး ခေါင်းဆောင်သောနယ်ထိန်းတပ်ကြပ်ကြီး အောင်စိုးမိုး၊ ဒုတပ်ကြပ် ဇော်မိုးမင်းတို့ နှင့် ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မှု့ခင်းကင်းစင်ရက်သတ္တပတ်(Crime Free Week)စီမံချက်အရ တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက် ပလောင်ကုန်းအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အကွက်( ၂ )၊ ပလောင်ကုန်းလမ်းပေါ်တွင် မသင်္ကာဖွယ်အဖြစ် ယူဆရသော လူတစ်ဦးအား ရပ်တန့် ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာတွင် ၎င်းဝတ်ဆင်ထားသော ကာတွန်းရုပ်ပါ အနက်ရောင် ဘောင်းဘီတို၏ ညာဘက်အိတ်ကပ်အတွင်း အဖြူရောင်ပလပ်စတစ်ကပ်ခွာ အိတ်အတွင်းထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော အလေးချိန်(၂.၄)ဂရမ်ရှိသည့် ( WY )စာတမ်းပါ လိမ္မော်ရောင်ဆေးပြား (၂၄)ပြား၊ ၊ အစိမ်းရောင်နှင့်ပန်းရောင် အအေးစုပ်ပိုက်ငယ် ( ၂၆ )ခုဖြင့် ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့် ( ၂.၂ )ဂရမ်ခန့် နှင့် လိမ္မော်ရောင်အဖုံးဖြင့် ပိတ်လျက် ယိုးဒယားရှောက်သီးဆေးပြား ဗူးငယ်အတွင်းထည့်လျက် ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့်(၀.၉)ဂရမ်ခန့်၊ စုစုပေါင်းအလေးချိန် ( ၃.၁ )ဂရမ်ခန့် ကို တရားခံနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

တစ်ဆက်တည်းမှာပင် ဇူလိုင်(၂၁)ရက်နေ့ ည(၁၁း၁၀)နာရီဝန်းကျင်တွင် ၎င်းတို့အဖွဲ့မှ ဆက်လက်၍ ကင်းလှည့်လျှက်ရှိရာ ပလောင်ကုန်းလမ်းပေါ်မှာပင် မသင်္ကာဖွယ်လူတစ်ဦးအား ထပ်မံတွေ့ရှိရ၍ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာတွင် ၎င်းဝတ်ဆင်ထားသော အနက်ရောင်ဘောင်းဘီတို၏ ညာဖက်အိတ်ကပ်အတွင်းမှ ငွေရောင်လေးထောင့်သံဗူးငယ်အတွင်း အ၀ါရောင်နှင့်လိမ္မော်ရောင် အအေးစုပ်ပိုက်ငယ် (၂၃)ခုဖြင့် ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့်(၀.၉)ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိရသည်။


ရပ်ကွက်အလိုက် မှု့ခင်းကင်းစင်ရက်သတ္တပတ်(Crime Free Week)စီမံချက်ရဲ့ ပထမအစီအစဉ်မှာ ၀မ်ကောင်းရပ်ကွက်ဖြစ်သည်။ ၀မ်ကောင်းရပ်ကွက်တွင်လည်း စိတ်ကြွရူးသွပ်ဆေးပြား ( ၁၃ )ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိခဲ့ရသည်။ ယခု ဒုတိယအစီအစဉ်အဖြစ် ပုန်းထွန်ရပ်ကွက်အတွင်းတွင် ဇူလိုင်(၂၀)ရက်နေ့မှ စ၍ ပြုလုပ်လျှက်ရှိရာ ဇူလိုင်(၂၁)ရက်နေ့ ညပိုင်းတွင် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား(၂၄)ပြားနှင့် ဘိန်းဖြူ (၄)ဂရမ် ကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ပုံများကိုကြည့်ရန်
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net
www.tachileik.net
Social Buttons