Latest News

Dropdown Menu

Monday, December 31, 2012

တာချီလိတ် ရွှေတိဂုံစေတီတော်အား ဒုတိယအကြိမ်အဖြစ် ရွှေသင်္ကန်းကပ်လှူပူဇော်ရန် စီစဉ်လျှက်ရှိ

နဂါးနှစ်ကောင်ဆရာတော်ဘုရာကြီး "ဘဒ္ဒန္တဓမ္မသီရိ"အား အမှူးထား၍ စစ်ဖက်နယ်ဖက်ဌာနဆိုင်ရာများ၊ ရပ်နီးရပ်ဝေးတိုင်းရင်းသားပြည်သူများတို့၏ သဒ္ဓါအားဖြင့် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ ယခင် ကျွန်းတောကုန်းဟုခေါ်တွင်သည့် တောင်ကုန်းပေါ်တွင် ၁၉၉၈ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့က ရွှေထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲပြုလုပ်ပြီး တည်ထားကိုးကွယ်ထားသော တာချီလိတ် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ယခုအခါမှာ ဒုတိယအကြိမ်အဖြစ် ရွှေစင်ရွှေပြားသင်္ကန်းများ ထပ်မံ ကပ်လှူပူဇော်မှာဖြစ်ပါသည်။


ပထမအကြိမ် ရွှေသင်္ကန်းကပ်လှူခြင်းကို ၂၀၀၅ခုနှစ် နိုဝင်ဘာ(၁၅)ရက်နေ့မှ ၂၀၀၆ခုနှစ် ဇူလိုင်(၉)ရက်နေ့ထိ စေတီတော်၏ ငှက်ပျောဖူးမှ အောက်ကျည်းဝန်းအထိ ကျပ်သိန်းပေါင်း တစ်ထောင့်နှစ်ရာတန်ဖိုးရှိသော ရွှေပြား ရွှေသင်္ကန်းများဖြင့် ကပ်လှူပူဇော်ခဲ့တာဖြစ်ပြီး အဆိုပါ ရွှေပြားရွှေသင်္ကန်းများမှာ ရောင်တော်မှေးမှိန်လျှက်ရှိတာကြောင့် ဒုတိယအကြိမ်အဖြစ် ကပ်လှူပူဇော်မှာ ဖြစ်ကြောင်း သိရပါသည်။


သို့ဖြစ်ပါ၍ ရွှေစင်ရွှေပြားရွှေသင်္ကန်း (၉)လက်မ ပတ်လည်တစ်ချပ်လျှင် ထိုင်းဘတ်ငွေဖြင့် တွက်သော် (၅၀၀)ဘတ် သို့ မဟုတ် မြန်မာကျပ်ငွေဖြင့် တွက်သော် (၁၅၀၀၀)ကျပ် စသည်ဖြင့် ဗုဒ္ဓဘာသာနွယ်ဝင်များ အားလုံး ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်ရန်အတွက် အသိပေးနှိုးဆော်လိုက်ပါသည်။

ဆက်သွယ်လှူဒါန်းနိုင်သောဌာန
အလှူခံဌာန
ဖုန်း - 084 -51518
တာချီလိတ်ရွှေတိဂုံရင်ပြင်တော်၊ တာချီလိတ်မြို့။


« PREV
NEXT »