Writen by
Tachileik News Agency
3:51 AM
-
0
Comments
တာချီလိတ်မြို့ ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ပြီး ကျေးရွာအတွင်းရှိ စေတနာရှင်များနှင့် ပူးပေါင်း၍ ၀မ်ကောင်းရပ်ကွက်၊ အားခေရွာအတွင်းရှိ လမ်းအား ကွန်ကရစ်လမ်းခင်းလျှက်ရှိကြောင်း သိရှိရပါတယ်။ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းမှ ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ နှင့် ပါတီဝင်များမှ ဒီဇင်ဘာ(၁၁)ရက်နေ့တွင် ထိုင်းဘတ်ငွေ (၃၀၀၀၀)ဘတ်တန်ဘိုးရှိသော ဘိလပ်မြေအိတ်(၂၅၀)အိတ် နှင့် ဒီဇင်ဘာလ(၁၂) တွင် ထိုင်းဘတ်ငွေ (၇၈၀၀)တန်ဘိုးရှိသော ဘိလပ်မြေအိတ်(၆၅)အိတ်တို့ကို လမ်းအကျယ်(၁၂)ပေ၊ လမ်းအရှည်(၆၅၀)ပေနှင့် လမ်းအထူ(၆)လက်မရှိသော ၀မ်ကောင်းရပ်ကွက်၊ အားခေရွာလမ်းအား ကွန်ကရစ်လမ်းအဖြစ် ခင်းရန်အတွက် လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါလမ်းအား ပြုလုပ်နိုင်ရန်အတွက် ကျေးရွာအတွင်းရှိစေတနာရှင်များထံမှ အလှူငွေ (၁၃၈၆၀၀) ရရှိပြီး ပြည်ခိုင်ဖြိုးပါတီမှ ကူညီငွေ (၃၇၈၀၀)ဘတ် တို့ဖြစ် စုပေါင်း၍ လမ်းခင်းရာမှာ ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင် ပံ့ပိုးကူညီပေးမှု ကျေးရွာမှ အလှူရှင်များ၏ ပါဝင်မှုတို့ကြောင့် ခင်းကျင်းနိုင်တာဖြစ်ကြောင်း သိရှိရပါတယ်။



Social Buttons