Writen by
Tachileik News Agency
2:14 AM
-
0
Comments
၂၀၁၂ခုနှစ် ဒီဇင်ဘာ(၁၉)ရက်နေ့ နံနက်(၈း၃၀)နာရီက နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင် ဆရာတော်ဘုရာကြီး "ဘဒ္ဒန္တဓမ္မသီရိ"သည် အနွေးထည် အထည်(၅၀၀)ကို ဆန်ဆိုင်း(အထက်)ရပ်ကွက်တွင်းရှိ ကျောင်းနေရွယ် ကလေးသူငယ်များနှင့် ရပ်ကွက်သူ/သားများအား ပေးဝေလှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။ထိုကဲ့သို့ လှူဒါန်းရမှာ ဆန်ဆိုင်း(အထက်)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆင် နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှလည်း ဆရာတော်နှင့်အတူ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး နဂါးနှစ်ကောင်ကျောင်းတိုက်မှာပင် ကျောင်းနေရွယ်ကလေးသူငယ်များ နှင့် ဆင်းရဲနွမ်းပါး ရပ်ကွက်သူ/သားများအား ခေါ်ယူ၍ပေးဝေလှူခြင်းဖြစ်ပါတယ်။
သတင်းဓါတ်ပုံများကိုကြည့်ရန်






Social Buttons