Writen by
Tachileik News Agency
7:21 AM
-
0
Comments
ဒီဇင်ဘာလ(၂၄)ရက်နေ့ ည(၆)နာရီက ၀မ်ကောင်းရပ်ကွက်ရှိ သာရေး/နာရေးဓမ္မာရုံမှာ ၀မ်ကောင်းရပ်ကွက်အတွက် ခန့်အပ်မည့် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ဝမ်ကောင်းရပ်ကွက်အတွင်း ဆယ်အိမ်မှူးများအဖြစ် (၅၉)ဦးကို ရွေးချယ်သတ်မှတ်ခဲ့ကြပြီး ယခုရွေးချယ်ပွဲသို့ ဆယ်အိမ်မှူး(၅၈)ဦးသာ လာရောက်ခဲ့ကြရာ ထို(၅၈)ဦးထဲမှာမှ (၇)ဦးအရွေးခံခဲ့ကြပါတယ်။ အရွေးခံ(၇)ဦးထဲတွင် ဦးထွန်းထွန်းဝင်းမှ (၂၅)မဲ နှင့် ဦးစိုင်းလုံရွက် မှ(၂၄)မဲဖြစ်ကာ (၁)မဲအကွာဖြင့် ဦးထွန်းထွန်းဝင်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာအား ရရှိသွားပြီး တရားဝင်အတည်ပြုနိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တဆင့် ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြမှာဖြစ်ကြောင်း သိရှိရပါတယ်။
သတင်းဓါတ်ပုံများကိုကြည့်ရန်


Social Buttons