Writen by
Tachileik News Agency
2:00 AM
-
0
Comments
ဒီဇင်ဘာလအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် တာချီလိတ်မြို့ရှိ ကျေးရွာအုပ်စုများ ရပ်ကွက်များတွင် ပြုလုပ်လျှက်ရှိရာ ဒီဇင်ဘာ(၂၄)ရက် နံနက်(၁၁)နာရီက ပုန်းထွန်ရပ်ကွက်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း အစီအစဉ်ကို စတင်ပြုလုပ်ခဲ့ကြပါတယ်။
ပုန်းထွန်ရပ်ကွက်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း အစီအစဉ်ကို ပုန်းထွန်ရပ်ကွက်ရှိ သီရိရတနာဂူဟာပုန်းထွန်ကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံမှာ ပြုလုပ်ခဲ့ကြပြီး ပုန်းထွန်ရပ်ကွက်တွင် ဆယ်အိမ်မှူးများအဖြစ် ရွေးချယ်ထားသူ (၁၀၁)ဦးထဲမှ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံ (၅)ဦးထဲမှာမှ (၁)ဦးကို ရွေးချယ်တာဖြစ်ပါတယ်။
ရွေးချယ်ခံ (၅)ဦး နှင့် ရမဲများမှာ ဦးစိုင်းတစ်(၁၆)မဲ၊ ဦးစိုင်းဖတ်(၅၃)မဲ၊ ဦးမျိုးမြင့် (၆)မဲ၊ ဦးတိုးမြင့် (၄)မဲ နှင့် ဦးဆမ်မြင့်(၆)မဲ ဖြစ်ကြပြီး အုပ်ချုပ်ရေးမှူးအဖြစ် အားလုံးသဘောတူ မဲဆန္ဒအရ ဦးစိုင်းဖတ်က ရရှိသွားတာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ အတည်ပြုပေးနိုင်ရန်အတွက် တင်ပြသွားရမှာဖြစ်ကြောင်း သိရှိရပါတယ်။
ပုံများကိုကြည့်ရန်
Social Buttons