Writen by
Tachileik News Agency
10:55 PM
-
0
Comments
ပြီးခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တာချီလိတ်မြို့၌် အောင်ချက်အများဆုံးဖြစ်သော မိုင်းကိုးကျေးရွာအုပ်စုရှိ ပန်ဟတ်ရွာ အခြေခံပညာအထက်တန်းခွဲတွင် မဇ္ဈိမ လူမှုကူညီရေးအသင်း(တာချီလိတ်)မှ ပညာရေးထောက်ပံ့မှုအဖြစ် ဆိုင်ကယ်/စက်ဘီးထားသော အဆောက်အဦအတွက် လိုအပ်ချက်များကို၂၀၁၃ခုနှစ် ဇန်န၀ါရီ(၃၀)ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ကျောင်းဝန်းအတွင်း ဆိုင်ကယ်/စက်ဘီး ရပ်နားရန် အဆောက်အဦမဆောက်လုပ်မီက စက်ဘီးများကို ကျောင်းဝန်းပြင်ပတွင်သာ ရပ်ထားရပြီး မကြာခဏဆိုသလို စက်ဘီးများ ပျောက်ဆုံးနေမှုနှင့် ကြုံရတာကြောင့် ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ယခုလို အဆောက်အဦဆောက်ရတာဖြစ်ကြောင်း သိရပါတယ်။ ယခုအခါမှာ အဆိုပါ အဆောက်အဦ် ခင်းရန် အတွက် ဘိလပ်မြေ (၁၁၂)အိတ် လိုအပ်နေသည်ဖြစ်ရာ မဇ္ဈိမ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသားများ မှာ (၁၅၀၀၀)ဘတ်တိတိကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
မဇ္ဈိမ လူမှုကူညီရေးအသင်းအား လှူဒါန်းမှုနှင့်ပတ်သက်၍ဖြစ်စေ အကူအညီလို၍ ဖြစ်စေ ဆက်သွယ်ရန်မှာ
မဇ္ဈိမ လူမှုကူညီရေးအသင်း - တာချီလိတ်မြို့အမှတ်(၇၅)| ၀ိန်းကျောက်| ဟောင်လိတ်အုပ်စု| တာချီလိတ်မြို့ (ယာယီရုံးခန်း)
(မြန်မာဖုန်း) 094 580 43760
(ထိုင်းဖုန်း) 0873052999
www.mizzimasas.com
www.fb.com/MizzimaSAS




Social Buttons