Writen by
Tachileik News Agency
10:03 PM
-
0
Comments
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၏ ဒုတိယအကြိမ် ပါတီညီလာခံကို တာချီလိတ်မြို့ ပါလျှံအတွင်း တရုတ်ဘုံကျောင်း မင်္ဂလာခန်းမတွင် ဇန်န၀ါရီလ(၂)ရက်နေ့မှ (၄)ရက်နေ့ထိ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။ဆက်လက်၍ တက်ရောက်လာသော ညီလာခံကိုယ်စားလှယ်တော်များမှ သက်ဆိုင်ရာအလိုက် တင်ပြဆွေးနွေးမှုများကို ဇန်န၀ါရီလ(၄)ရက်နေ့ထိပြုလုပ်မှာဖြစ်ပြီး တာချီလိတ်မြို့တွင် ပြုလုပ်သော ဒုတိယအကြိမ် ပါတီညီလာခံကို ကျားဖြူပါတီ၏ ဗဟိုအလုပ်အမှုဆောင် ရှမ်းအရှေ့ပိုင်း တာဝန်ခံ ဒေါ်နန်းငွေမြ နှင့် တာချီလိတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင် တို့မှ ဦးဆောင်ပြီး ဒေသခံများ၏ ဆန္ဒနှင့်အညီ ပြုလုပ်တာဖြစ်ကြောင်း သိရှိရပါတယ်။
သတင်းဓါတ်ပုံများကိုကြည့်ရန်




Social Buttons