Writen by
Tachileik News Agency
8:45 PM
-
0
Comments
၂၀၁၃ခုနှစ် ဇန်န၀ါရီ(၅)ရက်မှ (၁၀)ရက်နေ့ထိ တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင်းရှိ မိုင်းဖုန်း(ခ) ကျောင်းမိသားစုကျောင်းများအားလုံး ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်များ ကျင်းပပြီးစီးနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင်းရှိ မိုင်းဖုန်း(ခ) ကျောင်းမိသားစု ကျောင်းများဖြစ်သော
(၁) ဝှေလေလန်အခြေခံပညာမူလတန်းလွန်ကျောင်း၊(၂) ပါခုတ်အခြေခံပညာမူလတန်းလွန်ကျောင်း၊
(၃) ၀မ်မိုင်(၁)အခြေခံပညာမူလတန်းကျောင်း၊
(၄) ၀မ်ဆောက်ခုံအခြေခံပညာမူလတန်းကျောင်း၊
(၅) နမ့်လုတ်အခြေခံပညာမူလတန်းကျောင်း၊
(၆) ပါတောင်းအခြေခံပညာမူလတန်းကျောင်း
စသည့်ကျောင်းများသည် (၅.၁.၂၀၁၃)မှ (၁၀.၁.၂၀၁၃)အထိကာလများအတွင်း အလှည့်ကျ ပညာရေးစုံညီပွဲတော် အခမ်းအနားများကို ၎င်းတို့၏ ရပ်ရွာဒေသအာဏာပိုင်၊ ကျောင်းအကျိုးဆောင်အဖွဲ့၊ မိဘဆရာအသင်းများနှင့် ညှိနှိုင်းကြိုးစားခြင်းဖြင့် ကျင်းပနိုင်ခဲ့ပါတယ်။
(၅.၁.၁၃)ရက်နေ့တွင် ပါခုတ်မူလွန်၊
(၆.၁.၁၃)ရက်နေ့တွင် အမကပါတောင်း၊
(၇.၁.၁၃)ရက်နေ့တွင် အမက-၀မ်မိုင်(၁)
(၈.၁.၁၃)ရက်နေ့တွင်ဝှေလေလန်(မူလွန်)၊
(၉.၁.၁၃)ရက်နေ့တွင် အမက-၀မ်ဆောက်ခုံ၊
(၁၀.၁.၁၃)ရက်နေ့တွင် အမက-နမ့်လုတ် တွင် အသီးသီးကျင်းပခဲ့ကြခြင်းဖြစ်ပါတယ်။
ထို့ပြင် ဒေသအတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းနေ၀င်း ကိုယ်တိုင်တက်ရောက်ခြင်း၊ အုပ်စုဒုပြည်သူစစ်ခေါင်းဆောင် ဦးလှမြင့် ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့ကလည်း လုံခြုံရေး အကူအညီပေးခြင်းနှင့် လိုက်ပါအားပေးခြင်းတို့ဖြင့်တက်ကြွစွာ ကူညီခဲ့ကြပါတယ်။
ထူးခြားချက်အနေဖြင့် မိုင်းဖုန်း(ခ)ကျောင်းမိသားစုသည် အများအားဖြင့် ဝှေလေလန်မူလွန်တွင် စုပေါင်းပညာရေးစုံညီပွဲတော် ကျင်းပလေ့ရှိသဖြင့်လည်းကောင်း၊ အချို့ကျောင်းများသည် ဆရာနည်းကျောင်း(ဆရာ၂ယောက်ကျောင်း)များဖြစ်သဖြင့် ပညာရေးစုံညီပွဲတော်ကို ကျင်းပနိုင်ခြင်းမရှိသော်လည်း ယခုနှစ်တွင် အမက-၀မ်ဆောက်ခုံ၊ အမက-နမ့်လုတ်
အမက-ပါတောင်းကျောင်းတို့မှာ ပထမဆုံးအကြိမ် ပညာရေးစုံညီပွဲတော်ကို စတင် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
သို့သော်လည်း ဒေသမိဘပြည်သူ အာဏာပိုင်တို့၏ အားပေးကူညီမှုကြောင့် အခက်အခဲ တစ်စုံတစ်ရာ မရှိခဲ့ကြဘဲ စုံညီပွဲတော်အားလုံးကို ပျော်ရွှင်စွာကျင်းပနိုင်ခဲ့ပြီး ကလေးများ၏ ကာယ၊ ဥာဏ စွမ်းရည်များကိုလည်း ပြိုင်ပွဲများ ကျင်းပ၍ ဆုများချီးမြှင့်နိုင်ခဲ့ကြကြောင်း သိရှိရပါတယ်။
သတင်းပေးပို့သူ။ ။မြတ်မျိုးမြင့်မာန်
ပုံများကိုကြည့်ရန်







Social Buttons