Writen by
Tachileik News Agency
5:52 AM
-
0
Comments
၂၀၁၃ခုနှစ် ဇန်န၀ါရီ(၁၂)ရက်(ကရင်နှစ်သစ်ကူးနေ့)မှာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ၀မ်မိုင်ကျေးရွာရှိ အ.မ.က ၀မ်မိုင်(၂)၌ ပညာရေးစုံညီပွဲတော်ပြုလုပ်ရန်နှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။{မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ}
{ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဆွေ}
ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဆွေ နှင့် ဆရာမများ၊ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းဥက္ကဌ ဦးတင့်ဆွေ နှင့်အတူ အသင်းတာဝန်ခံများ အသင်းဝင်များ၊ ဆန်ဆိုင်း(ခ) အုပ်ချုပ်ရေးမှူး ဦးစိုင်းလုံဟောင် နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ စုံလင်စွာ တက်ရောက်လာခဲ့ကြတာကိုတွေ့ရပြီး ကျောင်းသားမိဘများ နှင့် ကျောင်းသား/သူများအား ကြာဇံဟင်းခါးဖြင့် ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာမများ အပါအ၀င် ကျောင်းအကျိုးတော်ဆောင်များက တည်ခင်းဧည့်ခံခြင်း၊ ထူးချွန်ကျောင်းသား/သူများအား ထူးချွန်ဆုဂုဏ်ပြုလွှာများပေးအပ်ခြင်း၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များအား အကျွေးအမွေးဖြင့် ဧည့်ခံခြင်း တို့ကို ပြုလုပ်ခဲ့ကြပြီးနောက် အားကစားပြိုင်ပွဲကို ကျင်းပခဲ့ကြပါတယ်။
ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရန်အတွက် မဇ္ဈိမ လူမှုကူညီရေးအသင်း မှ ၀ာာဝန်ယူ၍ ကူညီထောက်ပံ့ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး ၎င်းတို့အသင်းအနေဖြင့် ယခုလို ကူညီဆောင်ရွက် ပေးရခြင်းကို အသင်း၏ ဥက္ကဌဖြစ်သူ ဦးတင့်ဆွေမှ "ကျောင်းနေကလေးသူငယ်များ ကျောင်းနေပျော်၍ စာတော်စေရန်အတွက်သော်လည်းကောင်း၊ ကျောင်း၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ယခုလို ပညာရေးစုံညီပွဲတော်ကို ပုံမှန်မပျက် ကျင်းပနိုင်စေရန်အတွက်သော်လည်းကောင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်းအနေဖြင့် ပညာရေးကို တဖက်တလှမ်းမှ အထောက်အပံ့ ဖြစ်ရန် အတွက်သော်လည်းကောင်း" ရည်ရွယ်ကာ ကူညီပေးခြင်းဖြစ်ကြောင်း အခမ်းအနား၏ အဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။
အ.မ.က ၀မ်မိုင်(၂) ကျောင်းအနေဖြင့် နောက်နှစ်များတွင်လည်း ယခုလို အကူအညီလိုအပ်ပါက မဇ္ဈိမလူမှုကူညီရေးအသင်းအနေဖြင့် အသင်း၏ ဥက္ကဌ ဦးတင့်ဆွေမှ ကူညီပေးသွားမှာဖြစ်ကြောင်း ပြောကြားလာပါတယ်။
မဇ္ဈိမ လူမှုကူညီရေးအသင်းသည် သာရေး၊ နာရေး၊ ဘာသာရေး၊ ပညာရေး နှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားသော အသင်းကြီးဖြစ်ပြီး အသင်းအား ၁၂.၁၂.၂၀၁၂ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါအသင်းအား ဆက်သွယ်လိုပါက
မဇ္ဈိမ လူမှုကူညီရေးအသင်း - တာချီလိတ်မြို့ပုံများကိုကြည့်ရန်
အမှတ်(၇၅)| ၀ိန်းကျောက်| ဟောင်လိတ်အုပ်စု| တာချီလိတ်မြို့ (ယာယီရုံးခန်း)
(မြန်မာဖုန်း) 094 580 43760
(ထိုင်းဖုန်း) 0873052999
Website: : www.mizzimasas.com
FacebooK: :https://www.facebook.com/MizzimaSAS










Social Buttons