Writen by
Tachileik News Agency
7:51 AM
-
0
Comments
ဇန်န၀ါရီ(၁၂)ရက်နေ့ နံနက်(၁၀)နာရီက တာချီလိတ်မြို့နှင့် နီးစပ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မလေးရှားလူမျိုး(၃)ဦးထံမှ ဘိန်းဖြူ(၂၀၀၀)ဂရမ် ဖမ်းဆီးရမိကြောင်း သတင်းရရှိပါတယ်။{Photo: MaesaiNews.com}
ထိုနေ့တစ်ရက်တည်းမှာပင် မယ်ဆိုင်ရဲစခန်း၌ သတင်းစာရှင်းလင်းပွဲပြုလုပ်နေချိန်တွင် တရားခံ(၂)ဦးအား ထပ်မံဖမ်းဆီးရမိပါတယ်။ ပထမတစ်ဦးမှာ အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အဆိုပါ ထိုင်းအမျိုးသားသည် တာချီလိတ်မြို့ရှိ ရီဂျီနားဟိုတယ်တွင် အလုပ်လုပ်နေသော ဟိုတယ်မန်နေဂျာ တစ်ဦးဖြစ်ကြောင်း သိရပါတယ်။ ထောက်လှမ်းရေး၏ သတင်းပေးချက်မှာ မြန်မာဘက်ရှိ ကြယ်(၅)ပွင့်အဆင့်ရှိသော ရီဂျီနားဟိုတယ်ရှိ သက်ဆိုင်ရာ မန်နေဂျာတစ်ဦးမှာ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အချိတ်အဆက်ရှိနေကြောင်း သတင်းပေးပို့လာသောကြောင့် ထိုင်းရဲတပ်ဖွဲ့နှင့် အာဏာပိုင်များဟာ စောင့်ကြည့်နေခဲ့ကြပြီး ရီဂျီးနားဟိုတယ် မှန်လုံကားတစ်စီးသည် ၀ိန်းဖန်းခမ်းရပ်ကွက်ရှိ ရီဂျီနားရုံးခန်းနှင့် မျက်စောင်းထိုးတွင်ရှိသော ဟိုတယ်တွင် ရပ်တန့်ထားသည်ကို တွေ့ရှိရာ ထိုင်းရဲများက ၎င်း၏နောက်သို့ စောင့်ကြည့်စေပြီးနောက် ဟိုတယ် အခန်း(၁၀)သို့ ၀င်ရောက်ရှာဖွေရာမှာ စိတ်ကြွဆေးပြား (၉၈၀၀၀)ကို ခေါင်းရင်းကုတင်၌ တင်ထားတာကို တွေ့ရရှိ၍ တရားခံအား မူးယစ်ဆေးနှင့်အတူဖမ်းဆီးလိုက်ပါတယ်။ တရားခံအားစစ်ဆေးကြည့်ရာ ၎င်းသည် ရီဂျီးနားဟိုတယ်ကားကို မောင်း၍ စိတ်ကြွဆေးအရောင်းအ၀ယ်လုပ်နေကြောင်း ထွက်ဆိုသည်ကို မယ်ဆိုင်သတင်းမှာပင် ဖော်ပြထားတာကိုတွေ့ရပါတယ်။
{ video news: Ch7}
နောက်တရားခံတစ်ဦးမှာ အသက်(၂၄)နှစ်အရွယ် ထိုင်းလူမျိုး အကျဉ်းသားဟောင်းဖြစ်ပြီး စိတ်ကြွရူးသွပ်ဆေးပြား (၉၈၀၀၀)ကို ဖလဲ့ခရိုင်က အကျဉ်းထောင်ရှိ အကျဉ်းသားတွေကို ရောင်းချပေးရန်အတွက် မှာယူခိုင်းလိုက်ခြင်းဖြစ်ပြီး အဆိုပါ မူးယစ်ဆေးများကို သယ်ဆောင်ခအဖြစ် ထိုင်းဘတ်ငွေ(၁)သန်းရမည်ဖြစ်တာကြောင့် ၎င်းအနေဖြင့် ယခုလို လုပ်တာဖြစ်ကြောင်း ထွက်ဆိုလာပါတယ်။ တရားခံအား မယ်ဆိုင်မြို့ ဟိုတယ်တစ်ခုရှိ အခန်း(A8)မှာ ဖမ်းမိတာဖြစ်ပါတယ်။ ဆက်လက်၍ ထိုင်းရဲတပ်ဖွဲ့မှာလည်း အဆိုပါအကျဉ်းထောင်ထဲရှိ အကျဉ်းသားများကိုလည်း မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက် စစ်ဆေးဖော်ထုတ်သွားမှာဖြစ်ကြောင်း ဖော်ပြထားတာကို သိရပါတယ်။
မူးယစ်ဆေးဝါးနိမ်နင်းရေးနှင့်ပတ်သက်၍ မယ်ဆိုင်မြို့ရဲမင်းကြီး၏ ပြောကြားချက်မှာ "ဒီဖမ်းဆီးခြင်းအပြင် မယ်ဆိုင်မြို့အတွင်း မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သောနိုင်ငံခြားသားများနှင့် မူးယစ်ဆေးဝါးအတွက် လာရောက် ချဉ်းကပ်နေထိုင်သူများကိုလည်း အမြစ်ပျက်တိုက်ခိုက်ဖမ်းဆီးရန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း" ပြောကြားလာသည်ကို မယ်ဆိုင်သတင်းဌာနတွင် ဖော်ပြထားပါတယ်။
Social Buttons