Latest News

Dropdown Menu

Tuesday, January 8, 2013

မယ်ဆိုင်မြို့တွင် ကျင်းပပြီးခဲ့သော ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ၏ နေ့အထူးတရားပွဲ

တာချီလိတ်မြို့၏ တစ်ဖက်ကမ်းဖြစ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မြန်မာလူမျိုးများမှ ဖွဲ့စည်းထားသော လူမှုကရုဏာအသင်း နှင့် ဈေးသူဈေးသားများမှ ကြီးမှူးကျင်းပသော အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ(မယ်ဆိုင်မြို့) ပထမအကြိမ် နေ့အထူးတရားပွဲကို  ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၈)ရက် နေ့လည်(၁၂)နာရီခန့်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ ဟုန်းဖပလာဇာအနီးရှိ ဟိုတယ်တစ်ခုမှာ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။

တရားပွဲသို့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ တရားနာပရိသတ်များအပါအ၀င် တာချီလိတ်မြို့မှ တရားနာပရိသတ်များလည်း လာရောက်တရားနာကြတာကို တွေ့ရပြီး ဟိုတယ်၏ ခန်းမတစ်ခုလုံးတွင် တရားနာပရိတ်သတ်များ ပြည့်လျှံနေကာ အပြင်ဖက်တွင်လည်း တရားနာယူနေကြတာကို တွေ့ရပြန်ပါတယ်။  လူမှုကရုဏာအသင်း (မယ်ဆိုင်)နှင့် ဈေးသူဈေးသားများမှ ပထမအကြိမ်အဖြစ် တရားပွဲကို ပြုလုပ်တာဖြစ်ပြီး ဆက်လက်၍လည်း တရားပွဲများကို ပြုလုပ်သွားရန်ရှိကြောင်း သိရပါတယ်။

ယနေ့တရားပွဲကို တစ်နေ့တည်းကျင်းပတာဖြစ်ပြီး နေ့အထူးတရားပွဲအဖြစ် သတ်မှတ်ကာ ပြုလုပ်သည့် တရားသဘင်၌ ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ နှင့် အတူ နောင်တော် ၊ ညီတော် ရဟန်း ရှစ်ပါး ကြွရောက်လာရာမှာ ဆရာတော်များအနက် ကျိုက်ထိုဆရာတော် နှင့် ကြာနီကန်ဆရာတော်တို့ ပါလာတာကိုတွေ့ရသော်လည်း ဆရာတော် ဥူးသုမင်္ဂလတစ်ပါးတည်းသာ တရားတော်ဟောကြားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ကြွချီလာသော ဆရာတော်တို့သည်မယ်ဆိုင်မြို့တွင် တရားဟောအပြီး ချင်းရိုင်းဘက်သို့ ပြန်လည်ထွက်ခွာကြွချီသွားကြောင်း သိရပါတယ်။


 ပုံများကိုကြည့်ရန်
« PREV
NEXT »