Writen by
Tachileik News Agency
10:08 AM
-
0
Comments
မြန်မာ - လာအို ချစ်ကြည်ရေး မဲခေါင်မြစ်ကူးတံတား ပန္နက်တော်တင်ခြင်းနှင့် တွင်းတော်ဝန်းအခမ်းအနားကို လာအိုနိုင်ငံဘက်ရှိ မြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်း တည်ရှိရာ လာအိုနိုင်ငံ လွယ်နမ်သာပြည်နယ် ဇင်းပုတ်မြို့အနီး မှာ ဖေဖော်ဝါရီ(၁၆) ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။အဆိုပါ ပန္နရိုက်ပွဲအခမ်းအနားသို့ မြန်မာဘက်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ လာအိုနိုင်ငံ လွယ်နမ်သာပြည်နယ် အုပ်ချုပ်ရေးမှူး ဒေါက်တာ ဖီမာဆွန်လျောင်ခမ်းမား နှင့် အဖွဲ့ဝင်များတက်ရောက်လာခဲ့ကြပါတယ်။
ယခုတည်ဆောက်မည့် တံတားအမျိုးအစားမှာ သံမဏိသံပေါင်တံတားဖြစ်ပြီး တံတား၏အရှည်မှာ ၆၉၁ ဒသမ ၆မီတာရှိပြီး တံတားခံနိုင်ဝန်မှာ (၇၅)တန်ဖြစ်ကြောင်းသိရပါတယ်။ ၂၀၁၃ခုနှစ်
ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှာ စတင်အုတ်မြစ်ချတဲ့ တံတားကို (၂)နှစ်အတွင်း ပြီးစီးအောင်
ဆောက်လုပ်သွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Social Buttons