Writen by
Tachileik News Agency
3:49 AM
-
0
Comments
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပုန်ငမ်းရပ်ကွက်ရှိ ထမ့်ပလားကားဂိတ်တွင် မြန်မာနိုင်ငံသားနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား အလုံး(၁၀၀၀၀) ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။တရားခံနှစ်ဦးမှာ အသက်(၄၇)နှစ်အရွယ်နှင့် (၂၆)နှစ်အရွယ်ဖြစ်ပြီး တရားခံနှစ်ဦး၏ ထွက်ဆိုချက်မှာ ယခုဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများကို ပို့ဆောင်ပေးရန်အတွက် မြန်မာနိုင်ငံသားတစ်ဦးက နယ်စပ်ခရီးလမ်းကြောင်းမှန်သမျှကို စီစဉ်ပေးတာဖြစ်ပြီး သယ်ယူပို့ဆောင်ခကို ၎င်းတို့အနေဖြင့် ဘတ်(၃၀၀၀၀)စီရကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်သတင်းဌာနမှာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
Photo: Maesai News
Social Buttons