Latest News

Dropdown Menu

Sunday, February 10, 2013

ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ကွက်သစ်(၉)လမ်း ကတ္တရာလမ်းသစ်အား ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်

၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၀)ရက်နေ့ နံနက်ပိုင်းက (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ကွက်သစ်(၉)လမ်းကို ကတ္တရာလမ်းသစ်ခင်းခြင်းအဖြစ် လမ်းသစ်ဖွင့်ပွဲအား ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


လမ်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ နှင့် ဒေသခံတိုင်းရင်သား
 ပြည်သူများ တက်ရောက် လာခဲ့ကြတာကိုတွေ့ရပါတယ်။

ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ကွက်သစ်(၉)လမ်းကို ကတ္တရာအဖြစ် ခင်းရာမှာ အတိုင်းအတာအရ ၂၁၀၀'x၁၂' ဖြစ်ပြီး  ကျပ်ငွေ(၃၀၉)သိန်း ကုန်ကျမှုရှိကြောင်း သိရပါတယ်။ ကွက်သစ်(၉)လမ်းကို ၂၀၁၂ခုနှစ် အောက်တိုဘာ(၃)ရက်နေ့က စတင် လုပ်ဆောင်တာဖြစ်ပြီး ၂၀၁၃ခုနှစ် ဇန်န၀ါရီ(၂၁)ရက်နေ့က လမ်းခင်းမှုပြီးဆုံးတာဖြစ်ကြောင်း ထပ်မံသိရှိရပါတယ်။

ပုံများကိုကြည့်ရန်

« PREV
NEXT »