Latest News

Dropdown Menu

Tuesday, February 26, 2013

မဇ္ဈိမလူမှုကူညီရေးအသင်း နဲ့ ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေးကုမ္ပဏီတို့က စာပေဟောပြောပွဲပြုလုပ်

မဇ္ဈိမလူမှုကူညီရေးအသင်း နဲ့ ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေးကုမ္ပဏီတို့က ကြီးမှူးကျင်းပမှာဖြစ်တဲ့ စာပေဟောပြောပွဲကို စာရေးဆရာ/မ (၈)ဦးနဲ့ တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ မတ်လ(၁)ရက်နေ့ကနေ (၃)ရက်နေ့ထိ ပြုလုပ်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
မတ်လ(၁)ရက်နေ့မှာ စာရေးဆရာ ချစ်ဦးညို၊ ဆရာမောင်သာချို နဲ့ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)တို့က ဟောပြောမှာဖြစ်ပါတယ်။ ဒုတိယနေ့အဖြစ် မတ်လ(၂)ရက်နေ့မှာတော့ စာရေးဆရာ ဒေါက်တာထွန်းလွင်(မိုးလေ၀သ)၊ ဆရာ ခင်မောင်ညို(ဘောဂဗေဒ) နဲ့ ဆရာ ဦးဘုန်း(ဓါတု)တို့က ဟောပြောမှာဖြစ်ပြီး နောက်ဆုံးရက်ဖြစ်တဲ့ မတ်လ(၃)ရက်နေ့မှာ စာရေးဆရာ ညီမင်းညို၊ စာရေးဆရာမ အကယ်ဒမီ ဆွေဇင်ထိုက် နဲ့ ဆရာ ဦးဘုန်း(ဓာတု)တို့က အလှည့်ကျ ဟောပြောမှာဖြစ်ပါတယ်။

(၃)ညတိုင်တိုင် ပြုလုပ်မဲ့ စာပေဟောပြောပွဲကို ညစဉ်(၇)တိတိမှာ စတင်ကျင်းပမှာဖြစ်ပြီး စာအုပ်ဈေးပွဲတော်အဖြစ် ညနေ(၆)နာရီမှာ စာရေးဆရာ/မများက ၎င်းတို့ရဲ့ စာအုပ်များကို ၀ယ်ယူသူတိုင်း စာအုပ်များပေါ်မှာ ကိုယ်တိုင် အမှတ်တရလက်မှတ်ရေးထိုးကာ ရောင်းချပေးမှာဖြစ်ကြောင်း သိရပါတယ်။

တဆက်တည်းမှာပဲ စာရေးဆရာ ဦးဘုန်း(ဓာတု)က တာချီလိတ်မြို့ကို ရောက်ရှိနေချိန်အတွင်း ဆယ်တန်းစာမေးပွဲနီးကပ်တဲ့ ကာလနဲ့ တိုက်ဆိုင်နေတာကြောင့် ပညာရေးဒါနအဖြစ် တာချီလိတ်မြို့ပေါ်ရှိ အ.ထ.က ကျောင်းများမှ ဆယ်တန်းကျောင်းသား/သူများအပါအ၀င် အပြင်ဖြေများကို အ.ထ.က(ဆန်ဆိုင်း)မှာ ဓါတုဗေဒဘာသာရပ်ကို အနီးကပ်သင်ကြားပေးမှာဖြစ်ပါတယ်။ သင်ကြားမဲ့နေ့ရက်မှာ မတ်လ(၂)ရက်နေ့နဲ့ (၃)ရက်နေ့ဖြစ်ပြီး သင်ကြားချိန်ကတော့ နံနက်(၉)နာရီမှ (၁၁)နာရီထိသတ်မှတ်ထားကြောင်း သိရပါတယ်။ “အခုလို သင်ကြားရာနေရာကို စာမေးပွဲဝင်ရောက်ဖြေဆိုမဲ့ ကျောင်းသား/သူများ မည်သူမဆို လာရောက်လေ့လာသင်ကြားနိုင်ပြီး သင်ကြားမှုကို မှတ်သားနိုင်ရန်အတွက် ဘောပင် နဲ့ စာအုပ်သာ ယူလာဖို့လိုပါတယ်”လို့ စီစဉ်သူတစ်ဦးက ပြောလာပါတယ်။

« PREV
NEXT »