Writen by
Tachileik News Agency
4:18 AM
-
0
Comments
၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၆)ရက် ညနေ(၄)နာရီဝန်းကျင်က တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအနီး မင်္ဂလာပါ ဥယျာဉ်ထဲရှိ ရေကန်မှာ လူတစ်ဦးရေနစ်သေဆုံးနေကြောင်း သိရှိရပါတယ်။သေဆုံးသူသည် အသက်(၄၀)၀န်းကျင်ခန့်ရှိသောသူဖြစ်ပြီး အဆိုပါရေကန်ထဲတွင် မည်သည့်အချိန်က ရေနစ်သေဆုံးနေကြောင်းမသိရသော်လည်း မင်္ဂလာပါ ဥယျာဉ်ဘေးအနီးအနားရှိ လူတစ်ဦးမှ ပြောကြားလာရာမှာ"ဒီလူကို အရင်ကမြင်ဖူးတယ် နည်းနည်းပိန်တယ်၊ အခုက နည်းနည်းဖောင်းနေတယ်ဆိုတော့ ရေနစ်နေတာ ဒီရက်ပိုင်းကလိုပဲ ထင်တယ်၊ ဘာကြောင့်ခုလိုဖြစ်လည်းဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး အရက်မူးပြီး ရေထဲခုန်ချလားဆိုတာကတော့ စဉ်းစားစရာပဲဗျ"ဟု ပြောကြားလာပါတယ်။
ရေထဲမှ ဆယ်ယူလာသော အလောင်းအား သက်ဆိုင်ရာမှ သေမှုသေခင်းအဖြစ် ဆက်လက် လုပ်ဆောင်နေကြတာကိုလည်းတွေ့ခဲ့ရပါတယ်။
Social Buttons