Latest News

Dropdown Menu

Monday, February 25, 2013

တာချီလိတ်ရွှေတိဂုံစေတီတော်အား ရွှေပြားသင်္ကန်းဆက်ကပ်ကာ ရောင်တော်ဖွင့်


၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်ရှိ ဓမ္မာရုံမှာ ရွှေပြားသင်္ကန်းဆက်ကပ်ကာ ရောင်တော်ဖွင့်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တာဖြစ်ပါတယ်။



အဆိုပါအခမ်းအနားကို နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးနဲ့ ပင့်ဖိတ်ထားတဲ့ ဆရာတော်ကြီးများ အပါအ၀င် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး နဲ့ တာချီလိတ်စစ်ဗျူဟာအဖွဲ့ (အခြေချ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နဲ့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် ခရိုင်အဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ လာရောက်ခဲ့ကြတာကို တွေ့ရပါတယ်။


ကြွရောက်လာတဲ့ ဆရာတော်ကြီးများကို လှူဖွယ်ပစ္စည်းများနဲ့ ဆက်ကပ်လှူဒါန်းကြပြီး
ရေစက်ချအမျှဝေခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ တိုင်းမှူးကြီးနဲ့ဌာနဆိုင်ရာများ အလှူရှင်များက စေတီတော် အထက်ပစ္စယံသို့ တက်ရောက်ပြီး ရွှေပြားသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြတာဖြစ်ပါတယ်။


ပထမအကြိမ် ရွှေသင်္ကန်းကပ်လှူခြင်းကို ၂၀၀၅ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့မှ ၂၀၀၆ခုနှစ် ဇူလိုင်လ(၉)ရက်နေ့ထိ စေတီတော်ရဲ့ ငှက်ပျောဖူးမှ အောက်ကျည်းဝန်းအထိ ကျပ်သိန်းပေါင်း တစ်ထောင့်နှစ်ရာတန်ဖိုးရှိတဲ့ ရွှေပြား ရွှေသင်္ကန်းများနဲ့ ကပ်လှူပူဇော်ခဲ့တာဖြစ်ပြီး အဆိုပါ
ရွှေပြားရွှေသင်္ကန်းများမှာ ရောင်တော်မှေးမှိန်လျှက်ရှိနေတာကြောင့် ဒုတိယအကြိမ်အဖြစ် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ(၂၅)ရက် တပို့တွဲလပြည့်နေ့မှာ စတင်ပြီး ကပ်လှူပူဇော်တာဖြစ်ပါတယ်။
 စေတီတော်ကို ရွှေပြားသင်္ကန်များ ကပ်လှူပူဇော်နိုင်ရန်အတွက် ရွှေစင်ရွှေပြားရွှေသင်္ကန်း (၉)လက်မ ပတ်လည်တစ်ချပ်ကို ထိုင်းဘတ်ငွေဖြင့် တွက်သော် (၅၀၀)ဘတ် သို့ မဟုတ် မြန်မာကျပ်ငွေဖြင့် တွက်သော် (၁၅၀၀၀)ကျပ် စသည်ဖြင့် ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်ကြောင်းလည်း သိရပါတယ်။

ရွှေစင်ရွှေပြားရွှေသင်္ကန်း လှူဒါန်းလိုပါလျှင်
အလှူခံဌာန
ဖုန်း - 084 -51518
တာချီလိတ်ရွှေတိဂုံရင်ပြင်တော်၊ တာချီလိတ်မြို့။

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့ရွှေတိဂုံစေတီတော်ကို ရွှေသင်္ကန်းဆက်ကပ်၍ ရောင်တော်ဖွင့်

« PREV
NEXT »