Latest News

Dropdown Menu

Tuesday, February 26, 2013

(၂၆)ခုမြောက် မြ၀တီဘဏ်ခွဲကို တာချီလိတ်မြို့မှာဖွင့်လှစ်ပြီးစီး

မြ၀တီဘဏ်လီမိတက်ရဲ့ (၂၆)ခုမြောက် ဘဏ်ခွဲကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၂၆)ရက်နေ့ နံနက်ပိုင်းက  တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်အနီးမှာ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။


ဘဏ်သစ်ဖွင့်ရာမှာ ကြွရောက်လာတဲ့ ဧည့်သည်တော်များကို အစားအစာများနဲ့ ဧည့်ခံခဲ့ကြပြီး မြ၀တီဘဏ်လီမိတက် အမှတ်တံဆိပ်ပါ အမှတ်တရပစ္စည်းများ ပေးခဲ့ကြတာကို တွေ့ရပါတယ်။ တာချီလိတ်မြို့မှာ ယခုဖွင့်လှစ်လိုက်တဲ့ မြ၀တီဘဏ်အပါအ၀င် ကမ္ဘောဇဘဏ်၊ စီဘီဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် စုစုပေါင်း ဘဏ်(၅)ခုရှိပြီး လာမဲ့ လထဲမှာလည်း ကမ္ဘောဇဘဏ် ဘဏ်ခွဲ(၂)ကို မယ်ခေါင်ရပ်ကွက်မှာ ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။


ပုံများကိုကြည့်ရန်

« PREV
NEXT »