Latest News

Dropdown Menu

Monday, March 18, 2013

နွားတစ်ကောင် ထူးဆန်းစွာဖြင့် ကြိုးဆွဲချသဏ္ဍာန်သေဆုံးနေ

မတ်လ(၁၉)ရက်နေ့ နံနက်(၆း၃၀)နာရီခန့်က တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက် မေဖလားဝါးကွင်း ထဲရှိ ပြည်သူ့စစ်ဂိတ်အနီးမှာ နွားတစ်ကောင် ထူးဆန်းစွာဖြင့် ကြိုးဆွဲချသဏ္ဍာန်သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။


နွားတစ်ကောင် ထူးဆန်းစွာသေဆုံးနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အနီးရှိ လူတစ်ဦးအား မေးမြန်းရာမှာ "နွားပိုင်ရှင်က နွားကို သစ်ပင်မှာ ကြိုးနဲ့ချည်ထားတယ်၊ နောက်ကြိုးတစ်ကြိုးနဲ့ ငြိနေတာက အဲ့ဒီသစ်ပင်မှာ ကလေးတွေ စီးလို့ရအောင် ဒန်းလုပ်ထားတာ၊ ဒါန်းလုပ်ထားတဲ့ ကြိုးနဲ့ နွားကိုချည်ထားတဲ့ ကြိုးနဲ့ သွားရစ်မိပြီး နွားအနေနဲ့ ရုန်းကန်လှည့်ပတ်ရင်း အခုလို ကြိုးနှစ်ကြိုးရစ်ပြီး သေသွားတဲ့ သဘောပါပဲ၊ အခုလို နွားသေသွားတဲ့ ပုံစံမျိုး ကျွန်တော့်အသက် (၄၀)ကျော်နေပြီ တစ်ခါမှ မတွေ့ဖူးဘူး"လို့ ဖြေကြားသွားပါတယ်။


တာချီလိတ်မြို့မှာ ထူးဆန်းမှုအဖြစ် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကလည်း  ပါလျှံကွက်သစ်ထဲမှာ ၀က်တစ်ကောင် ဆင်နှာမောင်းသဏ္ဍာန်ဖြစ်နေပြီး ဆင်နှာရွက်ပုံသဏ္ဍာန်လည်းဖြစ်ပေါ်နေခဲ့ဖူးပါတယ်။ သို့သော်လည်း အဆိုပါဝက်မှာ
မွေးမွေးချင်း သေဆုံးနေတာဖြစ်ပါတယ်။

ပုံများကိုကြည့်ရန်
« PREV
NEXT »