Latest News

Dropdown Menu

Wednesday, March 20, 2013

တာလေငလျင်ဒဏ်ကြောင့် ပျက်စီးသွားရတဲ့ ဘုရားရှိခိုးကျောင်းကို တော်ဝင်မြန်မာမိသားစုမှ ကျပ်သိန်း(၁၅၀၀)ကျော် အကုန်ကျခံကာ ပြန်လည်ဆောက်လုပ်လှူဒါန်း

၂၀၁၃ခုနှစ် မတ်လ(၁၉)ရက်နေ့က တော်ဝင်မြန်မာမိသားစုမှ ကျပ်သိန်း(၁၅၀၀)ကျော် အကုန်အကျခံပြီး
ဆောက်လုပ်လှူဒါန်းထားတဲ့ သီရိစိန်ဂျိုးဇက်ဘုရားရှိခိုးကျောင်းဆောင်သစ်ကို ဖွင့်ပွဲအဖြစ်
ပြုလုပ်ကျင်းပခဲ့ကြပါတယ်။


ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် မတ်လ(၂၄)ရက်နေ့တုန်းက တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲမှာ အင်အား(၆.၈)ရစ်တာစကေးရှိတဲ့ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့မှုကြောင့် တာလေမြို့နယ်ခွဲ သီရိကျေးရွာရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းကြီး ပြိုကျပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ ပြိုကျပျက်စီးသွားတဲ့ နေရာမှာ တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက်၊ အမှတ်(၆/၈၂)နေ  ဦးကြည်မြင့် + ဒေါ်နန်းခမ်း ( တော်ဝင်မြန်မာမိသားစု ) မှ (100x60)ပေ အကျယ်အ၀န်းရှိတဲ့ အဆောက်အဦးကို တန်ဖိုးငွေ ကျပ်သိန်း(၁၅၀၀)ကျော် အကုန်အကျခံကာ ဆောက်လုပ် လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဘုရားရှိခိုးကျောင်းကို စတင်ဆောက်လုပ်ရန်အတွက် ၂၀၁၁ခုနှစ် ဧပြီလ(၃)ရက်နေ့က အုတ်မြစ်ချခဲ့ကြတယ်လို့လည်း သိရပါတယ်။



ဘုရားရှိခိုးကျောင်းကို ဖွင့်ပွဲအဖြစ်ပြုလုပ်ရာ ကျိုင်းတုံသာသနာပိုင် ဂိုဏ်းအုပ်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နဲ့ အလှူရှင် ဦးကြည်မြင့် တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

{တော်ဝင်မြန်မာမိသားစု}

ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ စုစုပေါင်း(၃၀၀၀)ကျော် တက်ရောက်လာခဲ့ကြပြီး တက်ရောက်လာခဲ့ကြတဲ့ ဧည့်သည်တော်များကို နေ့လည်စာဖြင့် ဧည့်ခံကာ ကံစမ်းမဲများလည်း ဖောက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ပုံများကိုကြည့်ရန်

« PREV
NEXT »