Writen by
Tachileik News Agency
9:06 AM
-
0
Comments
မဇ္ဈိမလူမှုကူညီရေးအသင်းနဲ့ ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေးကုမ္ပဏီတို့က ပြုလုပ်တဲ့ စာပေဟောပြောပွဲကို နိုင်ငံကျော်စာရေးဆရာ/မ (၈)ဦးနဲ့ မတ်လ(၁)ရက်နေ့ကနေ (၃)ရက်နေ့ထိ သုံးညတိုင်တိုင် တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ ကျင်းပသွားခဲ့ကြတာဖြစ်ပါတယ်။

ဟောပြောသွားကြတဲ့ စာရေးဆရာများမှာ ဦးထွန်းလွင်(မိုးလေ၀သ)၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ခင်မောင်ညို(ဘောဂဗေဒ)၊ ချစ်ဦးညို၊ မောင်သာချို၊ ဦးဘုန်း(ဓါတု)၊ ညီမင်းညို နဲ့ အကယ်ဒမီ ဆွေဇင်ထိုက် တို့ပဲဖြစ်ပါတယ်။ ပထမနေ့မှာ ဆရာချစ်ဦးညို၊ ဆရာ မောင်သာချို နဲ့ ဆရာ ညီမင်းညို တို့က ဟောပြောခဲ့ကြပြီး ဒုတိယညမှာတော့ ဆရာ ဦးဘုန်း(ဓါတု)၊ ဆရာ ညီမင်းညို၊ အကယ်ဒမီ ဆွေဇင်ထိုက် တို့ဖြစ်ကြပါတယ်။ နောက်ဆုံးညမှာတော့ ဦးထွန်းလွင်(မိုးလေ၀သ)၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ခင်မောင်ညို(ဘောဂဗေဒ) နဲ့ ဦးဘုန်း(ဓါတု)တို့က အလှည့်ကျ ဟောပြောသွားခဲ့တာပဲဖြစ်ပါတယ်။ ဟောပြောပွဲမှာ ဦးဘုန်း(ဓါတု)သီဆိုထားတဲ့ သီချင်းနှစ်ပုဒ်ကို ပရိသတ်များ ကြည့်ရှု့ခံစားနိုင်ရန်အတွက် ပြန်လည်တင်ပေးလိုက်ပါတယ်။
{ နိုင်ငံတော် သီချင်း - ဦးဘုန်း(ဓါတု) }
{ ဗမာ့လွတ်လပ်ရေး - ဦးဘုန်း(ဓါတု) } စာရေးဆရာများ တာချီလိတ်သို့ ရောက်ရှိချိန်အတွင်း ဆရာ ချစ်ဦးညို၊ ဆရာမောင်သာချို နဲ့ ဆရာ ခင်မောင်ညို (ဘောဂဗေဒ)တို့က မိုင်းဆတ်မြို့သို့ သွားရောက်ပြီး ဟောပြောခဲ့ကြသလို ဆရာ ဦးဘုန်း(ဓါတု)နဲ့ ဆရာ ညီမင်းညို တို့ကလည်း အ.ထ.က(ဆန်ဆိုင်း)မှာ ပညာဒါနအဖြစ် စာသင်ပေးခဲ့ကြပါတယ်။
အခုလို စာပေဟောပြောပွဲကြီးဖြစ်မြောက်ဖို့အတွက် မဇ္ဈိမလူမှုကူညီရေးအသင်းနဲ့ ၀ဏ္ဏသိန်းသန်းသတ္တုတူးဖော်ရေးကုမ္ပဏီ တို့အပြင် စာပေချစ်မြတ်သူများရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။ ဆက်လက်ပြီးတော့လည်း စာပေဟောပြောပွဲများ ကျင်းပသွားဖို့ အစီအစဉ်ရှိကြောင်းလည်း သိရပါတယ်။
ပုံများကိုကြည့်ရန်
Social Buttons