Writen by
Tachileik News Agency
10:22 AM
-
0
Comments
၂၀၁၃ခုနှစ် မတ်လ(၇)ရက်နေ့ ည(၁၀း၅၅)နာရီမှ ည(၁၁း၀၀)နာရီထိ တာချီလိတ်မြို့ မြို့မဈေး(၀မ်ကောင်းဈေး)အတွင်းမှာ မီးဖိုထဲရှိ မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
{မီးစတင် လောင်ကျွမ်းရာနေရာ}
မီးလောင်မှုဖြစ်ပွားရာနေရာမှာ ဈေးအတွင်းရှိ ဆိုင်ခန်းနံပါတ် ( ဃ - ၁၃ )ဖြစ်ပြီး ခေါက်ဆွဲရောင်းတဲ့ ဆိုင်ဖြစ်ကြောင်း သိရပါတယ်။ မီးလောင်ရခြင်းရဲ့ အကြောင်းအရင်းမှာ မီးသွေးမီးကျန်များကို မြေအိုးလေးထဲမှာ ထည့်ထားခဲ့ရာမှ မီးများမသေသွားပဲ လွင့်စင်သွားရာ အနီးရှိ မီးသွေးအိတ်သို့ ကူးစက်သွားပြီး အခုလို လောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ "မီးသွေးမီးကျန်ကို အခုလို အိုးလေးထဲ ထည့်ပြီး အုပ်ထားခဲ့ရင် နောက်တစ်နေ့ ပြန်သုံးလို့ရတယ်လို့ အများပြောတာနဲ့ ကျွန်မလည်း အိုးထဲ ထည့်ပြီး သုံးနေတာပါ။"လို့ ကာယကံရှင်တစ်ဦးဖြစ်သူ ဒေါ်အားညွှန့်က ပြောပါတယ်။
ဈေးတစ်ဈေးလုံး ကူးစက်မလောင်သွားစေရန်အတွက် တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဒု-ဦးစီးမှူး ကျော်ကျော်ကို နဲ့ မီးသတ်တပ်ဖွဲ့ဝင်များအပါအ၀င် ဈေးအနီးရှိ ဈေးသူ/ဈေးသားများ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များ စသည်တို့က မီးများကို ၀ိုင်းဝန်း သတ်လိုက်နိုင်တာကြောင့် ခဏလေးအတွင်းမှာ မီးများအားလုံး ငြိမ်းသွားခဲ့တာကို တွေ့ရပါတယ်။
မီးလောင်မှုကြောင့် ခေါက်ဆွဲဆိုင်အတွင်းရှိ မီးသွေးအိတ်၊ ထင်းရှုးသေတ္တာ နဲ့ အခြားအသေးအမွှား ပစ္စည်းတွေသာလောင်ကျွမ်းသွားခဲ့ပြီး ဆိုင်ခန်းရဲ့ သစ်သားတိုင်မှတဆင့် အပေါ်ထုပ်တန်း အနည်းအငယ်ထိသာ လောင်းကျွမ်းသွားခဲ့တာဖြစ်ပါတယ်။
ပုံများကိုကြည့်ရန်
Social Buttons