Latest News

Dropdown Menu

Saturday, March 23, 2013

တိုင်းရင်းဆေးပညာဦးစီးဌာနက နီပွန်ဖောင်ဒေးရှင်းရဲ့ ကူညီပံ့ပိုးမှုနဲ့ တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာ(၇၉)ရွာသို့ အရေးပေါ်သုံးဆေးသေတ္တာများ ပေးဝေး

မတ်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမမှာ အရေးပေါ်သုံး တိုင်းရင်းဆေးသတ္တာ ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက အရေးပေါ်သုံး မြန်မာ့တိုင်းရင်းဆေး
သေတ္တာများကို တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာ(၇၉)ရွာသို့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ( Nippon Foundation ) ရဲ့ ကူညီပံ့ပိုးမှုနဲ့ ဖြန့်ဝေပေးရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နဲ့ ခရိုင် တိုင်းရင်းဆေးဆရာများအသင်း ဥက္ကဌ ဦးစိုင်းစိုးသက်နိုင်(ခ)ဦးလှမြင့် တို့က ကျေးရွာ(၇၉)ရွာမှ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များကို တဆင့် ပြန်လည်ပေးဝေခဲ့ကြတာဖြစ်ပါတယ်။




ဆေးသေတ္တာများကို ပေးအပ်ပွဲမပြုလုပ်မီ နံနက်ပိုင်းက ဆေးဝါးအသုံးနည်းလမ်းများကိုလည်း ပို့ချပေးခဲ့ကြောင်း သိရပါတယ်။

« PREV
NEXT »