Writen by
Tachileik News Agency
2:47 AM
-
0
Comments
မတ်လ(၁၄)၇က်နေ့ နံနက်(၁၁)နာရီခန့်က နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်မရှိပဲ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲထိ ရောက်ရှိလာသူ အီရန်နိုင်ငံသားတစ်ဦးအား မြန်မာဘက်မှ တာဝန်ရှိသူများက ထိန်းသိမ်းပြီး ထိုင်းနိုင်ငံ ဘက်သို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သတင်းရရှိပါတယ်။တာလေမြို့နယ်ခွဲထိ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်မပါရှိပဲ ရောက်ရှိလာသူ Mr.Abdol Qadir Khoshravesh ကို မတရားဝင်ရောက်သူများ ကာကွယ်ရေး အဖွဲ့(၈)မှ တာဝန်ရှိသူများကစစ်ဆေးမေးမြန်းရာမှာ ၎င်းမှာ အီရန်နိုင်ငံကူးလက်မှတ်ပျောက်ဆုံးနေပြီး ထိုင်းနိုင်ငံက ထောက်ခံစာ(၁)ရွက်ထုတ်ပေးထားကြောင်းကိုသာ သိရှိရပါတယ်။
အီရန်နိုင်ငံသားမှာ အခုလို မြန်မာဘက်ကို ရောက်ရှိလာခြင်းနဲ့ပတ်သက်ပြီး အနီးအနားရှိ မိတ်ဆွေတစ်ဦးကလည်း " သူ့မှာက ထူးထူးခြားခြားပစ္စည်းရယ်လို ပါလာတာမတွေ့ရတဲ့အပြင် သုံးဖို့ ငွေမပါလာတာကိုလည်း တွေ့ရတယ်၊ ကျွန်တော့်အထင်တော့ဗျာ ဒီလူက သူ့နိုင်ငံလည်းမပြန်ချင် ထိုင်းမှာလည်းမနေချင်ပဲ မြန်မာလာပြီး တေလေလာလုပ်တယ်ထင်တာပဲ" လို့လည်း
ပြောကြားလာပါတယ်။
အီရန်နိုင်ငံသားမှာ ထိုင်းနိုင်ငံကရောက်ရှိလာခြင်းဖြစ်တာကြောင်း အခုလို မြန်မာဘက်မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲအပ်ပေးလိုက်တာဖြစ်ကြောင်းလည်း သိရပါတယ်။
Social Buttons