Latest News

Dropdown Menu

Tuesday, April 16, 2013

မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးရွယ်အို အဖိုးအဖွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို တာချီလိတ်မြို့၌ပြုလုပ်

ယနေ့နံနက်(၉)နာရီက တာချီလိတ် မြို့နယ်ဓမ္မာရုံမှာ ဌာနဆိုင်ရာများ၊ အလှူရှင်များ နှင့် ရပ်မိရပ်ဖများ ပူးပေါင်းကာ သက်ကြီးရွယ်အို အဖိုးအဖွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်းသိရသည်။


ပူဇော်ကန်တော့ပွဲ၌ တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သောင်းထိုက်ရွှေ နှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများအပါအ၀င် အလှူရှင်များ၊ ရပ်မိရပ်ဖများ လာရောက်ကြတာကို တွေ့ရသည်။ အဆိုပါ ကန်တော့ပွဲအခမ်းအနားတွင် ကန်တော့ခံ အဖိုးအဘွားများအနေဖြင့် တာချီလိတ်မြို့ရှိ ဘိုးဘွားရိပ်သာမှ အဖိုးအဖွား(၁၇)ဦး နှင့် ရပ်ကွက်အသီးသီးမှ အဖိုးအဖွား(၁၆)ဦး စုစုပေါင်း(၃၃)ဦး လာရောက်ကန်တော့ခံကြောင်း သိရသည်။


အဖိုးအဖွားများအား ကန်တော့ခြင်းမပြုလုပ်မီ ပင့်ဖိတ်ထားသော သံဃာတော်(၅)ပါးအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း နှင့် တရားတော်နာယူခြင်းများပြုလုပ်ခဲ့ကြပြီးနောက် အဖိုးအဖွားများအား လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း၊ အစားအစာများဖြင့် ကျွေးမွေးဧည့်ခံခြင်းများ အပြင် ကျန်းမာရေး စစ်ဆေးမှုများကိုလည်း ကုသိုလ်အဖြစ် စစ်ဆေးပေးနေတာကိုလည်း တွေ့ရသည်။ အလှူရှင်များမှ စုပေါင်းလှူဒါန်းသော လှူဖွယ်ပစ္စည်းများရဲ့ တန်ဖိုးမှာ ( ၃၇၆၂၃၈၈)ကျပ် ရှိကြောင်း သိရသည်။

ပုံများကိုကြည့်ရန်

« PREV
NEXT »