Latest News

Dropdown Menu

Friday, April 19, 2013

မဇ္ဈိမလူမှုကူညီရေးအသင်း၏ ဒုတိယအကြိမ် စာပေဟောပြောပွဲသို့ အကယ်ဒမီ ဦးကျော်သူ လာရောက် ဟောပြောမည်


တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်း၏ ဒုတိယအကြိမ်မြောက် ပရဟိတပညာပေး ဟောပြောပွဲကို တာချီလိတ်မြို့၊ မေဖလားဝါးကွင်းထဲရှိ ဟုတ်တက်တရုတ်ဘုံကျောင်းခန်းမမှာ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ၏ အထူးဖိတ်ကြားချက်အရ ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)၏  ဥက္ကဌလည်းဖြစ်သော အကယ်ဒမီ ဦးကျော်သူ နှင့် စာရေးဆရာ အလင်းဆက် (IR)ရန်ကုန် တို့ လာရောက်ဟောပြောမှာဖြစ်ပြီး ဟောပြောမည့်နေ့ရက်မှာ (၂၁.၄.၂၀၁၃)ရက် တနင်္ဂနွေနေ့ ည(၇း၃၀)နာရီ ဖြစ်ကြောင်း သိရသည်။

ဦးကျော်သူ နှင့်အဖွဲ့တို့သည် ကျိုင်းတုံမြို့ရှိ "မဟာအနှစ်"၏ ရင်သွေး ”နှလုံးလှပိုင်ရှင်များ”၊ ”အခမဲ့” (လူမျိုးဘာသာမရွေး)လူမှုကူညီရေးအသင်းမှ (၂၀.၄.၂၀၁၃)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သော ပထမအကြိမ် ဂီတ၊ စာပေ၊ ယဉ်ကျေးမှုနှင့် ပရဟိတပညာပေး၊ စာပေဟောပြောပွဲ၌ ဟောပြောမှာဖြစ်ပြီး ဧပြီလ(၂၁)ရက်နေ့မှာ တာချီလိတ်မြို့သို့ လာရောက်ကာ ဟောပြောမှာဖြစ်ကြောင်း သိရသည်။



« PREV
NEXT »