Writen by
Tachileik News Agency
11:24 AM
-
0
Comments
ဧပြီလ(၂၂)ရက်နေ့ နေ့လည်(၁၂)နာရီက နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ မှ တာချီလိတ်မြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံမှုကို ဇန်းမွန်အာခါဟိုတယ်ရှိ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။တာချီလိတ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် မိမိတို့ ကူညီဆောင်ရွက်နေကြသည်ဖြစ်သော နာရေးကူညီမှုများ၌ တွေ့ရှိရသော အခက်အခဲများ ဖြစ်ပေါ်လာသော ပြဿနာများနှင့် မိမိတို့ သိလိုသည့် ကိစ္စများကို ဦးကျော်သူ နှင့် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးနိုင်ကြရန် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ပြောကြားလာပြီး ဦးတင့်ဆွေမှ လူမှုကူညီရေးအသင်းများကိုယ်စား ပိုင်ရှင်မဲ့ အလောင်းကိစ္စ၊ "နောက်လာဦးမလား"ဟု ပြောဆိုပြီး ခဲပေါက်သည့်ကိစ္စ၊ လိပ်ပြာခေါ်သည့်ကိစ္စ စသည့် နာရေးကူညီမှုနှင့် ပတ်သက်သည့် ကိစ္စများကို မေးမြန်းရာ ဦးကျော်သူ မှာ ၎င်းကြုံတွေ့ခဲ့ရသည်များကို အခြေခံ၍ နာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသွားခဲ့သည်။
ဆက်လက်ပြီး မေးမြန်းမှုများပြုလုပ်ရာ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှ ဦးကျော်သူအား ယခုကဲ့သို့ နှစ်စဉ် တာချီလိတ်မြို့ကို လာရောက်ပေးဖို့ကိုလည်း တဆက်တည်း ဖိတ်ကြားထားခြင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် သင်ကြားပို့ချပေးနေသည်ဖြစ်သော သင်တန်းများသို့ တတ်ရောက်နိုင်ရန်မှာ တစ်မြို့နယ်တွင် (၂)ဦးသာ သတ်မှတ်ထားသည့် ကိစ္စအတွက် ထို့ထက်ပို၍ လက်ခံစေလိုကြောင်း (၅)ဦးမှ (၆)ဦးထိ လက်ခံပေးစေလိုကြောင်း အကယ်၍ လက်ခံပါက သင်တန်းသွားရောက် တက်လိုသူများအတွက် လမ်းစရိတ်ကို ၎င်းမှ ကုန်ကျခံကာ စေလွှတ်ပေးမှာဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ဦးကျော်သူမှ ထိုကိစ္စအတွက် အစည်းအဝေးထိုင်ကာ ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။
( အပြန်အလှန်တွေ့ဆုံ မေးမြန်းထားသော ရုပ်သံအား မကြာမှီထည့်သွင်း ဖော်ပြပေးပါမည် )
ပုံများကိုကြည့်ရန်



Social Buttons