Latest News

Dropdown Menu

Tuesday, April 23, 2013

တာချီလိတ်မြို့တွင် ပထမအကြိမ်အတွက် (၁၅၀၀)ကျပ်တန် ဖုန်းကဒ်များအား ရောင်းချပေးရန် မဲနှိုက်

ယနေ့ နံနက်(၁၀)နာရီက တာချီလိတ်မြို့ရဲ့ ပထမအကြိမ်အဖြစ် (၁၅၀၀)ကျပ်တန် CDMA 800-MHz ဖုန်းကဒ်များအား မဲဖောက်ရောင်းချပေးခြင်းကို တာချီလိတ်မြို့ အောင်မြတ်ခန်းမမှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
{ပြည်သူများမှ နှစ်ယောက် တစ်တွဲ ယခုလို မဲနှိုက်ပေးနေစဉ်}

ဖုန်းကဒ်များကို မဲဖောက်ရာမှာ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့်  ( CDMA-800 MHz ) မိုဘိုင်းဖုန်းရောင်းချရေးကော်မတီဝင်များက အနီးကပ် ကြီးကြပ်ပေးလျှက်ရှိပြီး မဲများကို နှိုက်ရာမှာလည်း အခြားမြို့တွေလို မိုဘိုင်းဖုန်းရောင်းချရေးကော်မတီဝင်များမှ နှိုက်ပေးခြင်းမျိုးမဟုတ်ပဲ ဖုန်းကဒ်လျှောက်ထားသူ ပြည်သူများထဲမှ နှစ်ယောက်တစ်တွဲ မဲနှိုက်ခဲ့ကြတာကို တွေ့ရှိရသည်။

{ဖုန်းကဒ်လျှောက်ထားကြသူများ}

ပထမအကြိမ် မဲနှိုက်၍ ရောင်းချပေးရာ ဖုန်းကဒ်ဝယ်လိုသူများ၏ လျှောက်လွှာများမှာ (၉၄၀)ရှိပြီး အဆိုပါလျှောက်လွှာများ၏ အမှတ်စဉ်များကို စာရွက်များပေါ်၌ ကွန်ပျူတာဖြင့် စာစီကာ မဲလိပ်အဖြစ် လိပ်ပြီးနောက် မဲနှိုက်စေခဲ့ကြတာဖြစ်ပြီး   မဲမပေါက်သည့် လျှောက်လွှာများကိုလည်း နောက်အကြိမ်များမှာ စာရင်းထည့်သွင်းပေးသွားကာ မဲနှိုက်ပေးမှာ ဖြစ်သည်။ ယနေ့တွင် မဲနှိုက်စေခဲ့ပြီး ဧပြီလ(၂၄)ရက်နေ့မှ ဧပြီ(၂၆)ရက်နေ့ထိ နံနက်(၉)နာရီမှ ညနေ(၅)နာရီထိ (၃)ရက်အတွင်း ဆက်သွယ်ရေးရုံးမှာ ငွေသွင်း၍ ဖုန်းကဒ်များကို လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

{ ကော်မတီဝင်များ နှင့် ရပ်မိရပ်ဖများ }

ယခုရောင်းချပေးမည်ဖြစ်သော CDMA 800-MHz၏ ငွေဖြည့်ကဒ်များမှာ ယခင်က ရောင်းချပေးထားသည်ဖြစ်သော CDMA 800-MHz ငွေဖြည့်ကဒ်များနှင့်မရပဲ ယခုဖုန်းကဒ်အတွက် သီးသန့်ထုတ်လုပ်ထားသည်ဖြစ်သော MECTel အမှတ်တံဆိပ်ပါ ငွေဖြည့်ကဒ်ဖြင့်သာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်သည်။

{ မဲလိပ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ ပြသစဉ် }

တန်ဖိုးနည်း (၁၅၀၀)ကျပ်တန် ဖုန်းကဒ်တွေကို ယခုလို မဲနှိုက်ရောင်းချပေးတာနဲ့ပတ်သက်၍ "အရင်ကလို မည်သူမဆို လာရောက်ဝယ်ယူနိုင်ပါကြောင်း ဆိုတာထက် အခုလို မြန်မာနိုင်ငံတစ်ဝှမ်းလုံး ဒေသအလိုက် ခွဲတမ်းချပြီး မဲနှိုက်ရောင်းချပေးတာ ကောင်းပါတယ်၊ သမာသမတ်လည်းကျတယ်လို့ မြင်ပါတယ်"ဟု အ.ထ.က(တာချီလိတ်)ကျောင်းဝန်းထဲရှိ ဆရာမတစ်ဦးက ပြောကြားလာသည်။

 { ပေါက်မဲစာရင်းများအား လာရောက်ကြည့်နေကြသူများ}

အဆိုပါငွေဖြည့်ကဒ်များကို ကိုယ်စားလှယ်ဆိုင်ကြီးများဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ကျိုင်းတုံမြို့၌ ပန်းစံအိမ်၊ တာချီလိတ်မြို့၌ အဆွေတော်မီနီမတ် နှင့် မိုင်းတုံမြို့တွင် ကျော်အောင် ဆိုင်တို့မှာ ၀ယ်ယူရရှိနိုင်ကြောင်း သိရသော်လည်း လောလောဆယ်မှာ အဆိုပါ ငွေဖြည့်ကဒ်များ ရောက်ရှိလာခြင်း  မရှိသေးကြောင်းလည်း သိရှိရသည်။


ပုံများကိုကြည့်ရန်


« PREV
NEXT »