Writen by
Tachileik News Agency
6:58 AM
-
0
Comments
ယနေ့ နံနက်(၁၀)နာရီက တာချီလိတ်မြို့နယ် စာရေးဆရာအသင်းရုံးမှာ ရွှေတြိဂံမဂ္ဂဇင်း ထုတ်ရန်ကိစ္စ၊ စာကြည့်တိုက်ဖွင့်ရန်ကိစ္စ၊ တာချီလိတ်မြို့ရှိ စာရေးဆရာများ ပူးပေါင်းရေးသားထားသည့် "လူငယ်နှင့်ဟိုဟိုဒီဒီ"စာအုပ်အား ပုံနိပ်ထုတ်ဝေရန်ကိစ္စ နှင့် တာချီလိတ်မြို့နယ်အတွင်း ဌာန(၃)ခု ပူးပေါင်းပြီး နေ့စဉ်ထုတ် သတင်းစာသဖွယ် ထုတ်နိုင်ရန်ကိစ္စများကို ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရသည်။{ ဆွေးနွေးတိုင်ပင်နေကြစဉ်}
ထိုသို့ ဆွေးနွေးရာမှာ တာချီလိတ်မြို့နယ်၌ နှစ်စဉ်ပုံမှန်ထုတ်လုပ်လျှက်ရှိသည့် ရွှေတြိဂံ မဂ္ဂဇင်းအတွက် ယခုအခါမှာ စာမူများ ရရှိနေပြီးဖြစ်ပေမဲ့လည်း ကြော်ငြာများ လက်ခံရန်အတွက် ကျန်ရှိနေရာ အဆိုပါ ကြော်ငြာများ လက်ခံပြီးပါက မဂ္ဂဇင်းအား စာအုပ်အဖြစ် ရိုက်နိပ်ထုတ်ဝေသွားမှာဖြစ်ကြောင်း တာချီလိတ်မြို့နယ် စာရေးဆရာများအသင်း ဥက္ကဌ ဦးထိန်မင်းက ပြောသည်။
ဆက်လက်၍ ၎င်းမှ စာကြည့်တိုက်ဖွင့်နိုင်ရန်မှာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၏ ပံ့ပိုးမှု၊ မြို့မိမြိုဖများ၏ ထောက်ပံ့မှု နှင့် အလှူရှင်များ၏ စေတနာသဒ္ဒါအားများလည်း အထူးလိုကြောင်း ထို့အတွက်ကြောင့် အသင်းဝင်များအနေဖြင့် ဆော်သြပေးနိုင်ရန်လည်း အထူးလိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး စာရေးဆရာ မောင်ဖိုးစံ(ဒူးယား)မှ ရွှေတြိဂံ မဂ္ဂဇင်းအတွက် ကြော်ငြာရရှိရေးကို ၎င်းအနေဖြင့် ဆော်သြပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး စာကြည့်တိုက်ဖွင့်လှစ်ရန်ကိစ္စအတွက် အမည်နာမပေးခြင်းကို တက်ရောက်လာသော စာရေးဆရာများမှ အကြိတ်အနယ်ရွေးချယ် တိုင်ပင်ကြသည်။
မေလထဲမှာ ပြုလုပ်မည့် စာအုပ်ဈေးရောင်းပွဲတော်ကိစ္စကို ဆွေးနွေးရာမှာလည်း ဈေးရောင်းပွဲတော်တည်နေရာကို ယခုလက်ရှိ အသင်းရုံးမှာ ပြုလုပ်သွားမှာဖြစ်ပြီး စာအုပ်များကိုတော့ ရန်ကုန်မြို့ရှိ စိတ်ကူးချိုချို စာအုပ်တိုက်က လာရောက်ရောင်းချမှာဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ဆွေးနွေးရာမှာ တာချီလိတ်မြို့တွင် အင်တာနက်သုံးစွဲသူများမှာ Tachileik Online News တွင် ဖော်ပြထားသော သတင်းများကို ဖတ်ရှု့သိရှိနိုင်မည်ဖြစ်သော်လည်း အင်တာနက်မသုံးစွဲနိုင်သူ ပြည်သူများအတွက် တာချီလိတ်မြို့နယ်အတွင်း လက်လှမ်းမီသမျှ ရရှိထားသော သတင်းများနှင့် Tachileik Online News တွင်ဖော်ပြထားသော သတင်းများကို နေ့စဉ် သို့မဟုတ် ရက်ခြား သိရှိနိုင်ရန်အတွက် နေ့စဉ်သတင်းစာသဖွယ် စာစောင်များအဖြစ် ဖန်တီးကာ တာချီလိတ်ခရိုင်ပြန်/ဆက်၊ တာချီလိတ်စာရေးဆရာအသင်း နှင့် Tachileik Online News တို့မှ ပူးပေါင်းပြီး အခမဲ့ ဖြန့်ချီသွားရန် အစီအစဉ်ရှိသည်။ လတ်တလောတွင် ထိုသို့ အခမဲ့ ဖြန့်ချီနိုင်ရန်အတွက် တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ပရင်တာ(Printer all in one)တစ်လုံးနှင့် ကွန်ပျူတာတစ်စုံ လိုအပ်နေကြောင်းလည်း သိရသည်။
တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ နှစ်စဉ်အဖြစ် ရွှေတြိဂံ မဂ္ဂဇင်းကို ထုတ်ဝေလျှက်ရှိပြီး လစဉ်အဖြစ် မျိုးမြန်မာစာစောင်ကို ထုတ်ဝေလျှက်ရှိရာ ယခုအခါမှာ နေ့စဉ်သဖွယ် သတင်းများကို သိရှိနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် စာရေးဆရာအသင်းအား ဆက်သွယ်ရန်
ဦးထိန်မင်း
( ဥက္ကဌ )
တာချီလိတ်မြို့နယ် စာရေးဆရာအသင်း
မြန်မာဖုန်း။ 095-240641
ထိုင်းဖုန်း။ 082-7650919
Social Buttons