Writen by
Tachileik News Agency
8:42 PM
-
0
Comments
ရှမ်းပြည်နယ်တောင်ပိုင်းရှိ အပူချိန်ပြင်းတဲ့ မြို့များမှာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် အတွက်လောင်စာဆီရောင်းချနေသူများအားလုံး မြို့ပြင်သို့ ရွှေ့ပြောင်းရောင်းချကြကြောင်း သိရပါတယ်။
လောင်စာဆီကြောင့် မီးဘေးအန္တရာယ်ကို လွယ်ကူစွာဖြစ်ပေါ်လာနိုင်တဲ့အတွက် မြို့တွင်း ရပ်ကွက်တွင်း နဲ့ မိမိတို့နေအိမ်များအတွင်း သိုလှောင်ထားပြီး ရောင်းချမှုများ မပြုလုပ်စေရန်အတွက် နောက်ဆုံးအကြိမ် တားမြစ်သတိပေးထားပြီး လောင်စာဆီရောင်းချနေသူများကို သက်ဆိုင်ရာ ဌာနက သတ်မှတ်ပေးထားတဲ့ နေရာများမှာသာ ရောင်းချစေရေးကို ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
လင်းခေးမြို့ရှိ လောင်စာဆီရောင်းချကြသူများအားလုံး ဧပြီလ(၅)ရက်နေ့မှာ မြို့ပြင်ရှိ သတ်မှတ်နေရာများ၌ စနစ်တကျ ဆိုင်ခန်းများဖြင့် ရောင်းချနေလျှက်ရှိပြီး မြို့တွင်းမှာ ခိုးရောင်းနေသူများကိုလည်း တွေ့ရှိရပါက ရောင်းချလျှက်ရှိတဲ့ လောင်စာဆီကို သိမ်းဆည်းသွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
သတင်းပေးပို့သူ။ ။ စိုင်းနောင်(လင်းခေ)
Photo : google
Social Buttons