Latest News

Dropdown Menu

Tuesday, April 30, 2013

တာချီလိတ်မြို့ရှိ ကမ္ဘောဇဘဏ်တွင် KBZ Bank MPU Card များ ရယူနိုင်ရန်အတွက် လျှောက်ထားနိုင်ပြီ

တာချီလိတ်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲ (၁) နှင့် (၂) တို့တွင် KBZ Bank MPU(Myanmar Payment Union) Card များကို အခမဲ့ လာရောက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်းသိရသည်။
လျှောက်လွှာများကို တာချီလိတ်မြို့မှ ကမ္ဘောဇဘဏ်များဖြစ်သော တာလော့ရပ်ကွက်ရှိ ဘဏ်ခွဲ (၁) နှင့် မယ်ခေါင်ရပ်ကွက်ရှိ ဘဏ်ခွဲ(၂) တို့မှာ အခမဲ့ လာရောက်ထုတ်ယူကာ လျှောက်ထားနိုင်မှာဖြစ်ပြီး ထိုသို့ လျှောက်ထားရာမှာလည်း  နိုင်ငံသား စိစစ်ရေးကတ်ပြား တစ်ခုတည်းသာ လိုအပ်ကြောင်း သိရသည်။

ထိုသို့ လျှောက်ထားရာမှာ အဆိုပါ ကတ်အတွက် ကြိုတင် စုဆောင်းငွေအား ဖြည့်သွင်းထားစရာမလိုပဲ ကတ်ရလာမှသာ ထည့်သွင်းထားနိုင်ကြောင်းလည်း သိရသည်။

ယခုထုတ်ပေးသော KBZ Bank MPU card များဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ ငွေထုတ်စက်ရှိသည့် မည်သည့် ဘဏ်၌မဆို ထုတ်ယူနိုင်မှာဖြစ်ကြောင်း သိရှိရသည်။


« PREV
NEXT »