Writen by
Tachileik News Agency
2:23 AM
-
0
Comments
မေလ(၂၆)ရက်နေ့ မွန်းလွဲ(၁း၃၇)နာရီခန့်က တာချီလိတ်-တာလေသွား အဝေးပြေးလမ်းမပေါ်မှာ ကားတစ်စီး တိမ်းမှောက်နေကြောင်း တွေ့ရှိရသည်။ဖြစ်စဉ်မှာ တာချီလိတ်ဘက်မှလာသော ကားသည် အဝေးပြေးလမ်းမပေါ်မှာ အရှိန်ပြင်းစွာ မောင်းနှင်လာရင်း တာလေဘက်မှ လမ်းကြောင်းလွဲကာ မောင်းနှင်လာသော ဆိုင်ကယ်အား ရှောင်လိုက်ရာမှ ယခုလို လမ်းဘေးသို့ ထိုးမှောက်သွားကြောင်းသိရသည်။
ဆိုင်ကယ်မှာ မောင်းပြေးသွားခဲ့ပြီး ကားမှာတော့ လမ်းဘေးမှာ အတန်ကြာ ကြာမြင့်စွာ ရှိနေလေရာ အိမ်ဆောက်ပစ္စည်းများသယ်ဆောင်လာသည့် ကားကြီးကို တားမြစ်ပြီး အကူအညီတောင်းကာ ကားအား ကြိုးဖြင့်ဆွဲယူနေကြသည်ကို တွေ့ရှိခဲ့ရသည်။ ကား၏ အရှေ့ဘက်ထောင့် မှန်မှာ ကွဲအက်သွားခဲ့သော်လည်း ကံကောင်းသည်က ကားမောင်းသူမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်
16 photos
.jpg)
Social Buttons